အချိန်တစ်ခုအတွင်းမှာ အောင်မြင်မှုတွေ အရှိန်ပြင်းပြင်းနဲ့ ရရှိလာတာမို့ မြန်မာပြည်ရဲ့ရတနာလေးလို့တောင် တင်စားခေါ်ဝေါ်ရလောက်တဲ့ ပိုင်တံခွန်ကတော့ ထိုင်းနိုင်ငံအထိပါ အောင်မြင်မှုတွေ ရရှိနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ထိုင်းနိုင်ငံရဲ့နာမည်ကြီး မင်းသားတစ်ဦးဖြစ်တဲ့ Mario က တလောက ရိုက်ကူးခဲ့တဲ့ ပိုင်တံခွန်နဲ့ သူ့ရဲ့ချစ်သူကောင်မလေးတို့ရဲ့နီးကပ်လွန်းတဲ့ ရိုက်ကူးရေးအပေါ် သူ့ရဲ့အမြင်ကို ထုတ်ပြောလာတာ တွေ့ရပါတယ်။ Mario ရော သူ့ရဲ့ချစ်သူကောင်မလေးဖြစ်တဲ့ Junji ကပါ သဘောကောင်းပြီး ကြင်နာတတ်လွန်းတဲ့ မြန်မာမော်ဒယ်ကောင်လေး ပိုင်တံခွန်ကို တော်တော်လေး သဘောကျကြတာလည်း တွေ့ရပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် ပိုင်တံခွန်နဲ့ သူ့ရဲ့ချစ်သူကောင်မလေး Junji တို့ရဲ့ရင်းနှီးလှတဲ့ ရိုက်ကူးရေးအပေါ် သူ့အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောပြလာတဲ့ Mario ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

Mario ကတော့ သူ့ချစ်သူနဲ့ ပိုင်တံခွန်ကို သဝန်တိုတာမျိုးတွေ မရှိဘူးလားဆိုတဲ့ ထိုင်းမီဒီယာတွေရဲ့မေးခွန်းကို အနုပညာရှင် ပီသစွာ အကောင်းဆုံး ဖြေဆိုခဲ့တာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ Mario ရဲ့ချစ်သူကောင်မလေး Junji ရဲ့ဖခင်နာရေးတုန်းကလည်း လွမ်းသူ့ပန်းခွေနဲ့အတူ ကိုယ်တိုင် သတင်းမေးသွားခဲ့ပါသေးတယ်။

ချစ်သူကောင်မလေးနဲ့ ပိုင်တံခွန်ကို သဝန်တိုလားဆိုတဲ့ မေးခွန်းကို ချစ်စရာကောင်းအောင်ဖြေခဲ့တဲ့ Mario ရဲ့ဗီဒီယို

ထိုင်းနိုင်ငံရဲ့နာမည်အကြီးဆုံး မင်းသားချောလေးလို့တောင် ပြောလို့ရတဲ့ Mario Maurer ကတော့ အရမ်းချစ်တတ်လွန်းသူတစ်ဦးဖြစ်ပြီး၊ သူ့ရဲ့ချစ်သူကောင်မလေး Junji ကိုလည်း မကြာခဏဆိုသလို Surprise လက်ဆောင်လေးတွေ ပေးလေ့ရှိပါတယ်။ Mario ရဲ့ချစ်သူကောင်မလေး Junji ကတော့ အကပိုင်းမှာရော၊ သရုပ်ဆောင်မှာပါ ထူးချွန်သူလေးဖြစ်ပြီး အနုပညာကို တစိုက်မတ်မတ် ကြိုးစားနေသူလေးပါ။ ချစ်ပရိသတ်တွေလည်း ပိုင်တံခွန်ကိုလည်း ချီးကျူးပြီး ချစ်သူကောင်မလေးကိုလည်း သဝန်မတိုပဲ အနုပညာကို အကောင်းဆုံး ပံ့ပိုးပေးတဲ့ Mario လေးကို ချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Credit-Momoaly

Facebook Comments