အောင်ကြီး၏ရှေ့နေဒေါ်စုဒါလီအောင်ကျပ်သိန်း၁၀၀ဖြင့်အာမခံရ
တရားစွဲဆိုခံထားရသည့်ဗစ်တိုးရီးယားအမှုမှသံသယတရားခံအောင်ကြီး၏ရှေ့နေဒေါ်စုဒါလီအောင်အနေဖြင့်ကျပ်သိန်း၁၀၀ဖြင့်အာမခံရခဲ့ကြောင်းသိရသည်။
ဒေါ်စုဒါလီအောင်အားWisdom Hillကျောင်းကြီးကြပ်ရေးမှူးဒေါ်ဥမ္မာလှိုင်ကပုဗ္ဗသီရိမြို့နယ်တရားရုံးတွင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေပုဒ်မ၁၀၁(က)(၂)ဖြင့်ယနေ့တရားစွဲတင်ခဲ့ခြင်းဖြစ်သည်။
“အာမခံကကျပ်သိန်း၁၀၀တန်လူနှစ်ဦးသတ်မှတ်ပြီးတော့ခံဝန်နှစ်ဦးနဲ့ပေးရတယ်”ဟုဒေါ်စုဒါလီအောင်ကပြောသည်။
အဆိုပါပုဒ်မ၁၀၁မှာပြစ်မှုထင်ရှားပါကအများဆုံးထောင်ဒဏ်၎လမှ၁နှစ်အထိ၊ငွေဒဏ်၎သိန်းမှ၈သိန်းအထိသတ်မှတ်ထားကြောင်းသိရသည်။အမှုကိုအောက်တိုဘာလ၇ရက်နေ့သို့ချိန်းဆိုထားပြီးထိုနေ့တွင်မှုခင်းစီမံခန့်ခွဲမှုကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
Credit-News Watch
Facebook Comments