ကြိုးစားမှုတစ်ခုတည်းနဲ့ အနုပညာလမ်းကြောင်းပေါ် ရောက်ရှိလာကြတဲ့ အဆိုတော် ရွှေထူးနဲ့ မင်းသမီးချောလေး ရွှေမှုံရတီတို့ ဇနီးမောင်နှံကတော့ အချစ်စစ်ကြောင့် အခက်အခဲအားလုံးကို ရင်ဆိုင်ပြီး သာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတာပါ။ လတ်တလောမှာတော့ ရွှေထူးက ပရိသတ်တွေ မမြင်ဖူးလောက်သေးတဲ့ ချစ်ဇနီးလေးနဲ့ အမှတ်တရပုံလေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံကတော့ ဘယ်အချိန်ကြည့်ကြည့် တစ်ယောက်ကိုတစ်ယောက် အကြင်နာတွေအပြည့်နဲ့မို့ အချစ်ဆိုတာ တကယ်ရှိတယ်လို့ ယုံကြည်လာစေတဲ့ စုံတွဲလေးဆိုလည်း မမှားပါဘူး။

ချစ်ပရိသတ်တွေအတွက် အရမ်းကို ကြည်နူးဖို့ကောင်းတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံရဲ့ချစ်စရာပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရွှေထူးကတော့ “ချစ် တယ် ❤️” ဆိုပြီး ချစ်ဇနီးလေးနဲ့အတူ ရိုက်ကူးထားတဲ့ အမှတ်တရပုံရိပ်တွေကို ဝေမျှပေးထားတာပါ။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံနှစ်ဦးကတော့ တစ်ယောက်တစ်လှည့်စီ Romantic ဆန်ဆန် Surprise လုပ်ပေးလေ့ရှိပြီး၊ အချစ်တွေကို သက်သေပြလေ့ရှိသူနှစ်ဦးပါ။


ကျန်းမာရေး မကောင်းကြတဲ့ အခြေအနေတွေမှာလည်း တစ်ယောက်နဲ့တစ်ယောက် အားပေးနှစ်သိမ့်ရင်း ကျော်ဖြတ်ခဲ့ကြတဲ့ သူတို့နှစ်ဦး…။

ရွှေမှုံရတီကတော့ သူမကိုယ်တိုင်လည်း သန်မာပြီး အောင်မြင်တဲ့ မိန်းမသားတစ်ဦးဖြစ်ပေမယ့် ခင်ပွန်းရှေ့မှာတော့ တကယ့် ကလေးလေးလို အမြဲချွဲနေတတ်သူတစ်ဦးပါ။

အဆိုတော် ရွှေထူးနဲ့ မင်းသမီးချောလေး ရွှေမှုံရတီတို့နှစ်ဦးကတော့ လက်ရှိမှာလည်း အနုပညာလှုပ်ရှားမှုတွေ ကိုယ်စီလုပ်နေကြတာဖြစ်ပြီး ပရိသတ်တွေကို အနုပညာအသစ်တွေ ချပြဖို့ ကြိုးစားနေကြတာပါ။ အခုဆိုရင် အိမ်ထောင်သက်တမ်း ၁ နှစ်နီးပါး ရှိသွားပြီဖြစ်တဲ့ သူတို့နှစ်ဦးကတော့ အချစ်တွေသာ ပိုပိုတိုးပြီး ခိုင်မာလာတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်တတ်လွန်းကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Credit-Momolay

Facebook Comments