ကိကိကတော့ အမှတ်မထင် သူမမေမေနဲ့  ဆော့ကစားရင်း ဈေးရောင်းနေတဲ့ ဗီဒီယိုဖိုင်လေးကနေ ပရိသတ်တွေ လူသိများလာတာပဲ ဖြစ်ပါတယ်။ သူမရဲ့ အချက်ကျကျပြန်ပြောတ်တာတွေကြောင့် စကားတတ်လွန်းတဲ့ သူမကို ပရိသတ်တွေ အချစ်ပိုနေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ ပင်ကိုယ်စကားလေး ဖြစ်တဲ့ ” အစ်မကလဲနော်” ဆိုတဲ့ စကားလေးကတော့ ပရိသတ်တွေကြားရေပန်းအစားဆုံးလို့ဆိုရမှာပါ။ ပရိသတ်တွေသာမက အနုပညာရှင်တွေပါ ကိကိလေးရဲ့ ဗီဒီယိုဖိုင်လေးကို ရှယ်ကာ ချစ်ကြောင်းမှတ်ချက်တွေ အပေးခံနေရတဲ့ ဆယ်လီကလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

နာမည်ကျော်အနုပညာရှင်ဖြစ်တဲ့ စမိုင်းလ် ကလည်း သူမအိမ်ကို ဈေးလာရောင်းဖို့ သူမရဲ့ စကားတတ်လွန်းတာကို ကိုယ်တိုင် မြင်ချင်လွန်းလို့ဆိုကာ ဖိတ်ခေါ်ခြင်းခံထားရတဲ့ သူလေးပဲ ဖြစ်ပါတယ်။အသက်ငယ်ငယ်လေးနဲ့ ဘာသာရေးလည်း အခုအရွယ်ကတည်းက လိုက်စားနေတဲ့ သူလေးပဲ ဖြစ်ပါတယ်။ ကိကိလေးကိုချစ်လွန်းလို့ သူမရဲ့ ပရိသတ် Fan တွေကလည်း အများအပြားပါပဲနော်။လက်ရှိမှာ ရေပန်းအစားဆုံးကလေးဆယ်လီတစ်ယောက်လို့ ဆိုရမှာပါနော်။TikTok တွေမှာလည်း ကိကိလေးရဲ့ အပြောလေးတွေဖြစ်တဲ့ အလှပြင်ထားတယ်ဆိုတဲ့ စကားလေးတွေဟာ ခေတ်စားနေပြီး အနုပညာရှင်တွေကလည်း ထိုစကားလေးတွေနဲ့ TikTok ဆော့နေကြတာလည်း တွေ့ရပါတယ်။

လက်ရှိမှာတော့ ကိကိလေးရဲ့ နောက်ထပ် ချစ်စရာ ဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေကြားမှာထပ်မံရေပန်းစားနေတာပဲ ဖြစ်ပါတယ်။အဲ့ဒိ ဗီဒီယိုဖိုင်ထဲမှာတော့ ကိကိလေးဟာသူမရဲ့ဖေဖေနဲ့မေမေကို ကျန်းမာရေးအတွက် ဂရုစိုက်ကာ ဆရာဝန်လေးတစ်ယောက်လိုပြောဆိုနေတာပဲ ဖြစ်ပါတယ်။အရက်ကို လုံးဝမသောက်ဖို့နဲ့ ဆေးလိပ်သောက်ရင် ဖြစ်လာမယ့် ဆိုးကျိုးလေးတွေကို အချက်ကျကျ ရှင်းပြကာ မလုပ်ဖို့ ပြောပြနေတာကြောင့် အရွယ်နဲ့မလိုက်အောင် အသိပညာကြွယ်လွန်းလှတဲ့ ကိကိလေးကို ပရိသတ်တွေဟာ အသည်းယားပြီးရင်းယားနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကိကိလေးရဲ့ စကားကြွယ်တဲ့ ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Facebook Comments