တစ်ချိန်က ပရိသတ်တွေရဲ့ အသည်းစွဲ မင်းသမီလေး ခိုင်နှင်းဝေက ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို စွမ်းစွမ်းတမံ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက ပရဟိတလုပ်ငန်းတွေနဲ့ မိဘမဲ့ကလေးငယ်လေးများအတွက်လည်း ဂေဟာလေး ဖွင့်လှစ်ပေးထားတာ ဖြစ်ပါတယ်။ဒါ့အပြင် ခိုင်နှင်းဝေက သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေလျက်ရှိပါတယ်။

ခိုင်နှင်းဝေက သူမရဲ့ “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ” မှာ စွန့်ပစ်ခံ ကလေးငယ်လေးတွေကို ရင်ဝယ်ပိုက် ထိန်းသိမ်းစောင့်ရှောက်ထားသူ တစ်ယောက် ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ခိုင်နှင်းဝေက သူမရဲ့ သားသမီးတွေကို အပြင်ခေါ်ပြီး လျှောက်လည်ခဲ့တဲ့ ပုံရိပ်တွေကို မျှဝေထားပါတယ်။ ခိုင်နှင်းဝေက “ကျမနဲ့ သားသမီး တသိုက်က လည်လည်ထွက် နေပါပြီ ❤❤ ဘယ်သူတွေ ဘယ်လို ပဲ နေနေ ကျမ နဲ့ ကျမ အားဆေးလေးတွေ တူတူရှိနေရင် ဘဝကြီးက စိုပြည်နေတာ ❤❤❤” ဆိုပြီး ပြောလာပါတယ်။

ဒါ့အပြင် ခိုင်နှင်းဝေက “ကဲ လည်လည်ထွက်ပြီမို့ ဘယ်ကိုလာခဲ့စေချင်လဲ ပြောပါရှင့် ❤❤👩‍👩‍👦‍👦👩‍👩‍👦‍👦👩‍👩‍👦‍👦” ဆိုပြီး ပရိသတ်တွေက မေးထားပါသေးတယ်။

ခိုင်နှင်းဝေကတော့ သား၊သမီးတွေနဲ့သာ နေရရင် သူမရဲ့ ဘဝကြီးက စိုပြည်နေတာပဲတဲ့။ ပရိသတ်ကြီးလည်း ခိုင်နှင်းဝေနဲ့ သူမရဲ့ သားသားမီးမီးတွေပုံကိုကြည့်ပြီး ပီတိတွေဖြစ်နေကြမယ် ထင်ပါတယ်နော်။

Credit-Momolay

Facebook Comments