ဒေါ်ခင်ကြည် ကာရိုက်တာအတွက် ကိုယ်အလေးချိန် (၂၅)ပေါင်တိတိ ချပစ်ရမည့် ဇာခြည်လင်း

Last modified date

နိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီလူမင်းကိုယ်တိုင်ဒါရိုက်တာတစ်ယောက်အနေနဲ့ ရိုက်ကူးမယ့်” အောင်ဆန်း”ရုပ်ရှင်ဇာတ်ကြီးကတော့ စက်တင်ဘာလ လကုန်ပိုင်းလောက်မှာ စတင်ရိုက်ကူးတော့မှာလည်းဖြစ်ပါတယ်။ ဒါရိုက်တာအကယ်ဒမီလူမင်းကတော့ ဂျပန်နိုင်ငံကိုသွားရောက်ပြီး ဂျပန်မြန်မာချစ်ကြည်ရေး အထိမ်းအမှတ်ကျောက်စာတိုင်နဲ့ “အောင်ဆန်း” ရုပ်ရှင်အတွက်တန်ဖိုးရှိလှသော သမိုင်းအချက်အလက်၊အထောက်အထားတွေကို သွားရောက်လေ့လာခဲ့ပါသေးတယ်။

Image result for ဇာခြည်လင်း“အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အဓိကဇာတ်ဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ဇနီးဖြစ်သူ ဒေါ်ခင်ကြည်နေရာမှာ သရုပ်ဆောင်မည့် ဇာခြည်လင်းကတော့ ကျောင်းဆရာမတစ်ဦးပဲဖြစိပါတယ်။ဒေါ်ခင်ကြည်နေရာမှာ ပါဝင်ဖို့ကို နိုင်ငံတော်အတိုင်ပင်ခံ ဖြစ်ပြီး သမီးထွေးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က (၂၀၁၂)ခုနှစ် ထဲကရွေးချယ်ခဲ့တာဖြစ်ပြီး ယခု(၂၀၁၉) ဖြစ်လာတာကြောင့် (၇)နှစ်အတွင်း ၀ိတ်တတ်လာခဲ့လို့ အမေစုကတော့ ၀ိတ်ချရမယ်လို့ ပြောခဲ့တယ်လို့ သိရပါတယ်။တာဝန်ကြီးတဲ့ ကာရိုက်တာတစ်ခုဖြစ်သလို့ သရုပ်ဆောင်အသစ်တစ်ဦးဖြစ်တာကြောင့် အမှားတစ်ခုခု လုပ်မိမှာ စိုးရိမ်နေလို့ ဆိုထားပါတယ်။

အခုလို့ မြန်မာလွတ်လပ်ရေးဗိသုကာ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ” အောင်ဆန်း ” ရုပ်ရှင်ဇာတ်ကားကြီး မှာ ပါဝင်သရုပ်ဆောင်ခွင့်ရတဲ့အတွက် အရမ်းပျော်ပြီး နောင်တစ်ချိန်မှာပြန်ကြည့်ဖြစ်ခဲ့ရင် သမိုင်းဝင်တစ်နေရာကျန်ခဲ့ပြီး အမှတ်တရဖြစ်နေမှာပါလို့ ပြောသွားပါတယ်။ဇာခြည်လင်းရဲ့ နဂို ကိုယ်အလေးချိန်မှာ ပေါင်(၁၄၀)ဖြစ်တာကြောင့် ဒေါ်ခင်ကြည် နေရာမှာ သရုပ်ဆောင်ရန်အတွက် ပေါင်(၁၂၅) အထိ ၀ိတ်ချရမယ်လို့ သိရပါတယ်။ ပရိသတ်ကြီးရေ ” အောင်ဆန်း ” ရုပ်ရှင်အတွက် ကိုယ်အလေးချိန် (၁၅) ပေါင်တောင် ချပစ်ရမှာတဲ့နော်။

Facebook Comments

Admin