ပဲခူးရွှေမော်ဓောစေတီတွင် ဒေါ်လာ သုံးသောင်းခွဲ ကုန်ကျမည့် သန့်စင်ခန်းတစ်ခု တောင်ကိုးရီးယားလှူဒါန်း
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ရွှေမောဓောစေတီတွင် အမေရိကန်ဒေါ်လာ ၃၅၀၀၀ ကုန်ကျမည့် အများသုံး သန့်စင်ခန်း တစ်ခုကို တောင်ကိုရီးယားနိုင်ငံက ဆောက်လုပ်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။
ပဲခူးမြို့နယ် ရွှေမော်ဓောစေတီတော် အနောက်မုခ်၊ မွန်ဓမ္မာရုံမြောက်ဘက်မြေနေရာအလွတ်တွင် အများသုံးသန့်စင်ခန်းကို တည်ဆောက်မည်ဖြစ်ပြီးစက်တင်ဘာ ၂၆ ရက် နံနက် ၆ နာရီ ၄၀ မိနစ်က ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ခြောက်လနဲ့ အပြီးတည်ဆောက်သွားမယ်။ သန့်စင်ခန်းရေရှည်ထိန်းသိမ်းတော့ ဆိုင်ခန်းအချို့ရဲ့ ကောက်ခံရငွေနဲ့ လုပ်သွားဖို့ပြင်ထားတယ်”ဟု ပဲခူးမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်ခင်က ပြောကြားသည်။
အဆိုပါ အများသုံးသန့်စင်ခန်းသည် ကိုရီးယာ World Toilet Association (WTA) မှ မြန်မာနိုင်ငံအတွက် ပထမဦးဆုံးထောက်ပံ့လှူဒါန်းခြင်းဖြစ်ပြီး အလျားပေ ၆၀၊ အနံ ပေ ၃၀ ရှိပြီး သုံးထပ်အဆောက်အဦအဖြစ် Sun Shine Yangon Co.,Ltd က တာဝန်ယူတည်ဆောက်မည်ဖြစ်ကြောင်း ပဲခူးမြို့နယ် စည်ပင်သာယာရေးကော်မတီမှသိရသည်။
Credit-The Voice