သက်ဆိုင်ရာဌာန၌ မှတ်ပုံတင်ထားခြင်းမရှိဘဲ အတိုးကြီးဖြင့် ငွေတိုးချေးစားနေသူများကို ငွေတိုးချစားမှု အက်ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက လွှတ်တော်တွင်ပြောကြား သည်။

Image result for ငွေတိုးချေးစားသူများ

စက်တင်ဘာ ၂၅ ရက်က ပြုလုပ်သော ဧရာဝတီတိုင်းဒေသ ကြီး လွှတ်တော်အစည်းအဝေး တွင်  မအူပင်မြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးသက်ကို လေးက အတိုးကြီးနှင့် ငွေတိုးချေး စားနေ သူများကြောင့် ပြည်သူများ ဒုက္ခရောက်နေခြင်းနှင့်ပတ်သက် ၍ မေးမြန်းရာ ၀န်ကြီးက ယင်းကဲ့သို့ ပြန်လည် ဖြေကြားခြင်းဖြစ် သည်။‘‘ဒီငွေတိုးချေးစားမှုကိစ္စကို နစ်နာသူက ဖြေရှင်းချင်ရင် ဒီဥပဒေဟာ ရဲအရေးပိုင်တဲ့ ဥပဒေဖြစ် တယ်။ သက်ဆိုင်ရာရဲစခန်းမှာ တိုင်ကြားအမှုဖွင့်ပြီးတော့ ဖြေရှင်းလို့ရပါတယ်’’ ဟု ၀န်ကြီးဦးဌေး ၀င်းက ပြောသည်။ရာဇ၀တ်မှုများ၊ အမှုအခင်း ပြဿနာများ ဖြစ်ပေါ်နေခြင်း သည် တရားမ၀င် ငွေတိုးချစားမှု နှင့် ပတ်သက်နေကြောင်း ဦးသက်ကိုလေးက လွှတ်တော်တွင် ပြောသည်။ ယင်းကြောင့် ထိုကိစ္စကို အစိုးရအနေဖြင့် မည်သို့အရေး ယူမည်ဆိုသည်ကို ၎င်းက မေးမြန်းခြင်းဖြစ်သည်။

Image result for ငွေတိုးချေးစားသူများ

ပြည်သူလူထုအတွင်း တရားမ၀င်ငွေတိုးချေးသူထံမှ နေ့ပြန်တိုး ဖြင့် ကျပ်တစ်သိန်းချေးပါက တစ်နေ့လျှင် ကျပ် ၂,၅၀၀ နှုန်းဖြင့် အဆိုပါချေးငွေ မဆပ်မချင်း တစ်လလျှင် ကျပ် ၇၅,၀၀၀ အထိ အတိုးပေးနေရကြောင်း ဦးသက်ကိုလေးက ပြောသည်။ ထို့ပြင် စာရွက်လွတ်၌ လက်မှတ်ရေးထိုး၊ လက်ဗွေနှိပ်ယူခြင်းများ ဆောင် ရွက်၍ ကျပ် ၁၀ သိန်းချေးယူပါက အဆိုပါအတိုးနှုန်းဖြင့် အတိုးပေါ် အတိုးဆင့်ကာ ကျပ်သိန်း ၄၀၊ ၅၀ အထိဖြစ်နေကြောင်း ၎င်းက ပြောသည်။ထိုသို့ စာရွက်လွတ်ပေါ်တွင် လက်မှတ်ရေးထိုးပေးခဲ့ရသဖြင့် အိမ်၊လယ်၊ ခြံနှင့် စက်ပစ္စည်းများ ကို ငွေရှင်က သိမ်းယူသည့်အခါ အမှုအခင်းများ ဖြစ်ပေါ်နေကြောင်း ဦးသက်ကိုလေးက ပြောသည်။

ထို့ပြင် နိုင်ငံတော်က ခွင့်ပြုပေးထားသည့် ပြည်ပမှ ငွေချေးပေးသည့် အဖွဲ့များလည်း ရှိ ကြောင်း ၎င်းက ပြောသည်။ အဆိုပါအဖွဲ့များကို ကျေးရွာတစ်ရွာ လျှင် တစ်ဖွဲ့သာ ငွေချေးခွင့်ပြု ထားသော်လည်း ပြည်သူများအနေဖြင့် ထိုအဖွဲ့တိုင်းတွင် ငွေချေးယူကာ တစ်ဖွဲ့ချေး၊ တစ်ဖွဲ့ဆပ် စနစ်ဖြင့် ဆောင်ရွက်နေသော ကြောင့် ဆင်းရဲမှုမှ လွတ်ကင်းရန် ခက်ခဲနေကြောင်း ၎င်းက ပြော ကြားသည်။‘‘ငွေချေးထားတဲ့သူက ဒီငွေချေးပေးတဲ့ အဖွဲ့တွေဆီကို ဆပ်ဖို့ နောက်ဆုံးမှာ ဒီအတိုးကြီးနဲ့ ငွေချေးတဲ့ နေ့ပြန်တိုးသမားဆီပဲ ပြန်ရောက်သွားတယ်။ ဒါနဲ့တင် သံသရာလည်နေတယ်’’ ဟု ဦးသက်ကို လေးက ပြောသည်။မြန်မာနိုင်ငံတွင် ၁၉၄၅ က စတင်ကာ ငွေတိုးချစားသူများ အက်ဥပဒေကို  ပြဋ္ဌာန်းထားပြီး ထိုဥပဒေသည် လက်ရှိအချိန်အထိ အသက်ဝင်နေကြောင်း ၀န်ကြီး ဦးဌေးဝင်းက ပြောသည်။ထိုဥပဒေတွင် ငွေတိုးချစား လုပ်ကိုင်လိုသူသည် သက်ဆိုင်ရာဌာန၌ မှတ်ပုံတင်ရမည်ဖြစ်သည်။ သက်တမ်းကုန်ဆုံးပါက သက်တမ်းတိုးရမည်ဖြစ်ပြီး  သုံးနှစ်ပြည့် ပါက အသစ်ထပ်မံ လျှောက်ထား ရမည်ဖြစ်သည်။

ထို့ပြင် မှတ်ပုံတင်မထားပါ က ငွေတိုးချစားခြင်း ဆောင်ရွက် ခွင့်မရှိသကဲ့သို့ မှတ်ပုံတင်ထား သည့်တိုင် ဥပဒေပါ စည်းကမ်းများ နှင့် မညီညွတ်ပါက အရေးယူနိုင် ကြောင်း ငွေတိုးချစားသူများ အက်ဥပဒေတွင် ဖော်ပြထားသည်။

Credit-7 Day Daily

Facebook Comments