ကြံခိုင်သန်စွမ်းတဲ့ ခန္ဒာကိုယ်နဲ့ ယောကျာ်းဆန်ဆန် မျက်နှာကို ပိုင်ဆိုင်ထားတဲ့ မင်းသားချော ထူးအောင်က မိန်းကလေးတွေ သည်းသည်းလှုပ်အားပေးရသူ ဖြစ်ပါတယ်။ ထူးအောင်က အနုပညာလောကမှာလည်း နေရာတစ်နေရာ ရရှိနေပြီဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေကို လက်မလည်အောင် ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ ထူးအောင်ကို အားပေးကြတဲ့ ပရိသတ်တွေကလည်း အမြို့မြို့၊ အနယ်နယ်မှာ ရှိနေကြတာပဲ ဖြစ်ပါတယ်။


ဒီနေ့မှာတော့ ထူးအောင်က သူ့ရဲ့ ချစ်ပရိသတ်တစ်ယောက်ရဲ့ မထင်မှတ်ထားတဲ့ လက်ဆောင်ကြောင့် အံ့သြပျော်ရွှင်ခဲ့ရကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။ ” ထူးခြားတဲ့ဝက်ဝံရုပ်…(၂၅) ရက်နေ့က ဒီအရုပ်လေးကို Fanတစ်ယောက်က လက်ဆောင်ပေးခဲ့တယ်။ ကျွန်တော်လည်း ရိုက်ကူးရေးလုပ်နေတာကြောင့် အမှတ်တမဲ့ပဲ ထားလ်ုက်တယ်။”

“ဒီနေ့မှထုတ်ကြည့်တော့မှ စာလေးတစ်ဆောင် တွေ့တယ်။ တွေ့လိုက်ရတာ Iphone11 Promax 512GB တစ်လုံး။ ဖြစ်ချင်တော့ ကျွန်တော်လည်း အဲ့အရောင်၊ အဲ့အမျိုးအစားကို မှာထားပြီးသား ဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် အမှတ်တရတော့ ဖြစ်ခဲ့ပါတယ်။

“ကျေးဇူးအများကြီးတင်ပါတယ် ပို့ပေးတဲ့သူကို။ 😍 ဆက်လက်ပြီး အများကြီးကြိုးစားနေပါတယ်❤️” ဆိုပြီး သူ့ရဲ့ ပရိသတ်လေးကို ကျေးဇူးတင်စကားလေး ပြောထားတာပဲ ဖြစ်ပါတယ်။

ထူးအောင်ကတော့ ချစ်ရတဲ့ ပရိသတ်ရဲ့ (၂၉) သိန်း နီးပါး တန်ဖိုးရှိတဲ့ လက်ဆောင်လေးကြောင့် တော်တော်လေး ပျော်နေပုံပါပဲ။ ထူးအောင်တစ်ယောက် ဒီထက်မက အောင်မြင်မှုတွေ ရရှိပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အများကြီး ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit-Momolay

Facebook Comments