အာဇာနည်ကတော့ အသံပါဝါကောင်းကောင်းနဲ့ သီဆိုတတ်တဲ့ အဆိုတော်တစ်ဦးဖြစ်ပြီး ဆယ်စုနှစ်တစ်ခုအကြာအောင်မြင်မှုကိုထိန်းထားနိုင်တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့ ရဲ့သီချင်းတွေဟာ ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားလေ့ရှိတာပဲ ဖြစ်ပြီး မိန်းကလေးပရိသတ်တွေသာမက ယောကျာ်းလေးပရိသတ်တွေအများအပြား အခိုင်အမာရရှိပိုင်ဆိုင်ထားတဲ့ အမျိုးသားအဆိုရှင်တစ်ဦး လို့ဆိုရမှာပါ။ သီချင်းအသစ်တွေ ထွက်တိုင်းလည်း ပရိသတ်တွေက အားပေးဝန်းရံခြင်းခံရတဲ့ ဝါရင့်အဆိုတော်ကြီး တစ်ဦးပဲ ဖြစ်ပါတယ်။

သြဂုတ်လ(၁၄)ရက်နေ့မှာ ကျင်းပခဲ့တဲ့ Miss Myanmar International( 2019) ပြိုင်ပွဲကြီးကို အာဇာနည်တို့ဇနီးမောင်နှံတက်ရောက်ခဲ့ပြီး အာဇာနည်က သီချင်းတွေနဲ့လည်း ဖျော်ဖြေသီဆိုပေးခဲ့တာပဲ ဖြစ်ပါတယ်။အနုပညာပိုင်းမှာအောင်မြင်နေတဲ့အပြင် အိမ်ထောင်ရေးမှာလည်း လှပကျော့ရှင်းပြီးအိမ်ထောင်မှုနိုင်နင်းတဲ့ တစ်ချိန်ကမော်ဒယ်လ်မင်းသမီး ဖြစ်တဲ့ ချစ်ဇနီးဝမ်းနဲ့ အတူ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့အိမ်ထောင်ရေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။မြင်သူတိုင်းချစ်တဲ့ ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန်ဆိုတဲ့ နှစ်ယောက်ကိုလည်း ထပ်မံပိုင်ဆိုင်ထားပါသေးတယ်။

သားနှစ်ယောက်ကိုချစ်တဲ့ ပရိသတ်တွေရဲ့ တခဲနက်အားပေးတောင်းဆိုမှုကြောင့် ဖစ်ဖစ်၊ ချစ်ချစ် ဆိုတဲ့ Page လေးမှာ မိသားစု လှုပ်ရှားမှုပုံရိပ်တွေနဲ့အတူ ချစ်စရာ ဗီဒီယိုလေးတွေကို ဝေမျှပေးလေ့ရှိပါတယ်။တစ်မိသားစုလုံး ဘာသာရေးလိုက်စားကာ အလှူအတန်းတွေလည်း မကြာမကြာပြုလုပ်တတ်လေ့ရှိပြီး လက်ရှိမှာလည်း ဘုန်းကြီးဆွမ်းလောင်းဖို့အတွက် ” ဘရားဆွမ်းကပ်မယ်။ ဘုန်းကြီးဆွမ်းလောင်းမယ်။ ကိုယ်တိုင်ချက် ” ဆိုပြီး ကိုယ်တိုင်ချက်ထားကြောင်း ပရိသတ်တွေကို ဝေမျှပေးခဲ့ပါတယ်။ပရိသတ်ကြီးလည်း အာဇာနည်တို့ မိသားစုကို ချစ်ရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Facebook Comments