“မြ” ရုပ်ရှင်ကန်တော့ပေးပွဲမှာ မတ်မတ်သင်ဇာနဲ့ အတူဆုံနေပြီဖြစ်တဲ့ ဖြိုးမြတ်အောင်ရဲ့ဗီဒီယို
ပရိသတ်တွေက ရိုးသားကြိုးစားလွန်းလို့ အရမ်းချစ်ကြတဲ့ တက်သစ်စ အဆိုတော်လေး ဖြိုးမြတ်အောင်နဲ့ နိုင်ငံကျော် မင်းသမီးချောလေး သင်ဇာဝင့်ကျော်တို့ အတူရိုက်ကူးမယ့် “မြ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရိုက်ကူးရေးတွေ မစခင်ကတည်းက ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားတာပါ။ လတ်တလောမှာတော့ “မြ” ရုပ်ရှင်ဇာတ်ကားရဲ့ကန်တော့ပေးပွဲမှာ ဖြိုးမြတ်အောင်နဲ့ သင်ဇာဝင့်ကျော်တို့ အတူဆုံနေကြပြီပဲ ဖြစ်ပါတယ်။ မြန်မာဆန်ဆန်ဝတ်စုံလေးနဲ့ အရမ်းကို လှနေတဲ့ မတ်မတ်သင်ဇာရဲ့ဘေးမှာတော့ ပုဆိုးလေးနဲ့ မောင်လေး ဖြိုးမြတ်အောင်ကို လိုက်ဖက်ညီစွာတွေ့ရတာပဲ ဖြစ်ပါတယ်။
ချစ်ပရိသတ်တွေအတွက် အရမ်းကို ချစ်ဖို့ကောင်းလွန်းတဲ့ ဖြိုးမြတ်အောင်နဲ့ မတ်မတ်သင်ဇာတို့ရဲ့ချစ်စရာဗီဒီယိုလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
အဆိုပါ ဖြိုးမြတ်အောင်နဲ့အတူတွေ့ရတဲ့ ဗီဒီယိုလေးတွေကိုတော့ သင်ဇာဝင့်ကျော်က သူ့ရဲ့အင်စတာဂရမ်ပေါ်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ မတ်မတ်သင်ဇာကို မြန်မာဆန်ဆန်လေးဝတ်ထားရင် သဘောကျတယ်ဆိုတဲ့ ကိုဖြိုးကတော့ ချစ်စရာ မင်းသမီးချောလေးဘေးမှာ အရမ်းကို ပျော်နေတာပါနော်။
တစ်ခါတစ်ခါ သင်ဇာလေးကို ကြည့်လိုက်တဲ့ ဖြိုးမြတ်အောင်ရဲ့အကြည့်လေးတွေက ချစ်စရာနော်…။
အားပေးတဲ့ ပရိသတ်တွေနဲ့ စည်ကားနေတဲ့ “မြ” ရုပ်ရှင် ကန်တော့ပွဲအခမ်းအနား
ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးမယ့် “မြ” ရုပ်ရှင်ကတော့ ဝေဖန်မှုတွေ ကြားထဲက အနုပညာရှင်တွေအားလုံး အကောင်းဆုံး ပုံဖော်သွားကြမှာဖြစ်တယ်လို့လည်း သိရပါတယ်။ မင်းသားနဲ့ မင်းသမီးနှစ်ယောက်နဲ့တင် ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ “မြ” ရုပ်ရှင်ကတော့ ပရိသတ်တွေကြားမှာ နာမည်ကြီးလာဦးမှာ အသေအချာပါပဲ။ ချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်စရာကောင်းတဲ့ သင်ဇာဝင့်ကျော်နဲ့ ဖြိုးမြတ်အောင်တို့ အနုပညာမောင်နှမနှစ်ဦးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Credit-Momolay