လမ်းစလျှောက်နေပြီဖြစ်တဲ့ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ရဲ့ သမီးလေး စကားလတ်

Last modified date

ပျော်ရွှင်စရာ မိသားစုဘဝလေးကို နားလည်မှုတွေနဲ့တည်ဆောက်ထားတဲ့ အဆိုတော် အာဘွိုင်းနဲ့ သရုပ်ဆောင် မင်းသမီးချောလေး မြတ်ရတနာကျော်တို့ စုံတွဲလေးကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ စုံတွဲလေးတစ်တွဲပဲဖြစ်ပါတယ်။နှစ်ဦးသားရွှေလက်တွဲပြီး နောက်ပိုင်းမှာတော့ အနုပညာနဲ့ပတ်သတ်တဲ့ အလုပ်တွေကို ရပ်နားခဲ့ပေမဲ့လည်း အခုချိန်ထိချစ်ခင်အားပေးတဲ့ ပရိသတ်တွေကို အားပေးမှုကို ရရှိနေဆဲပါ။

လက်ရှိမှာ ချစ်စရာကောင်းတဲ့သမီးဦးရတနာလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး သမီးလေးကလည်း ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိနေတာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၃)ရက်နေ့ကတော့ ပရိသတ်တွေရဲ့ အချစ်တော်လေးဖြစ်တဲ့ ဖေဖေအာဘွိုင်းနဲ့ မေမေမြတ်ရတနာကျော်တို့ရဲ့ သမီးဦးလေး စကားလတ်ရဲ့ (၁)နှစ်ပြည့်မြောက်တဲ့ နေ့လေးပဲဖြစ်ပါတယ်။သမီးလေးရဲ့ (၁)နှစ်ပြည့် မွေးနေ့ပွဲလေးကိုလည်း Disney ကာတွန်းဇာတ်ကောင်လေးတွေနဲ့ ပုံဖော်ပြီး ကျင်းပပေးခဲ့ပါသေးတယ်။

လက်ရှိမှာတော့ သမီးလေး စကားလတ်ဟာ လမ်းစတင်လျှောက်တတ်နေပြီပဲဖြစ်ပါတယ်။သမီးလေး စကားလတ် လမ်းလျှောက်နေတဲ့ ဗီဒီယို ဖိုင်လေးကို ဖေဖေအာဘွိုင်းက “သူမရဲ့ ပထမဆုံး ခြေလှမ်းလေးများ”လို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ လမ်းစတင်လျှောက်နေပြီဖြစ်တဲ့ စကားလတ်လေးရဲ့ဗီဒီယို ဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်နော်။

Facebook Comments

Admin