သိန်း (၅၀) တန် ညအိပ်ဝတ်စုံနဲ့ သောင်းကျော်တန် ညအိပ်ဝတ်စုံရဲ့ကွာခြားချက်ကို ပြောလာတဲ့ နေခြည်ဦး
Beauty blogger မလေး နေခြည်ဦးကတော့ သူမကိုယ်တိုင်လည်း သူမရဲ့အလှကို ယုံကြည်မှုရှိသလို မိန်းကလေးတွေကိုလည်း ယုံကြည်မှုရှိရှိနဲ့လှစေဖို့ နည်းလမ်းကောင်းတွေကို ဝေမျှပေးလေ့ရှိသူ တစ်ဦးဖြစ်ပြီး အောင်မြင်မှုတွေကို တစ်ရှိန်ထိုး ရရှိထားသူတစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ နေခြည်ဦးက Paris Fashion Week ကို တက်ရောက်ဖို့အတွက် ပဲရစ်သို့ ရောက်ရှိနေတာဖြစ်ပြီး သူမရဲ့လှုပ်ရှားမှုတွေအကုန်လုံးကို ပရိသတ်တွေကို ဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့ နေခြည်ဦးက သူမဝတ်ခဲ့တဲ့ သိန်း (၅၀) တန် ညအိပ်ဝတ်စုံနဲ့ သောင်းကျော်တန် ညအိပ်ဝတ်စုံတို့က ဘာတွေကွာခြားလဲဆိုတာ လူမှုကွန်ယက်မှာ ဝေမျှပေးခဲ့တာ တွေ့ရပါတယ်။
ချစ်ပရိသတ်တွေအတွက် အရမ်းကို ပွင့်လင်းလွန်းတဲ့ နေခြည်ဦးရဲ့ထိမိတဲ့ စကားလုံးတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။
နေခြည်ဦးကတော့ ” “Nay Chi Oo wearing 17,000 kyats Pajamas set” “Nay Chi Oo wearing သိန်း ၅၀ Pajamas set” “Problem ?? ” “Still Fking Nay Chi Oo” ” နေခြည်ဦး သိန်း (၅၀) တန် ညဝတ်အကျီင်္ ဝတ်ဝတ်၊ သောင်းကျော်တန် ညဝတ်အကျီင်္ဝတ်ဝတ် နေခြည်ဦးက နေခြည်ဦးပါပဲ” ဆိုပြီး သူမရဲ့လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။
ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ ဘဝကို ရှေ့ဆက်နေတဲ့ နေခြည်ဦးကတော့ လက်ရှိမှာ သူမဝင်ငွေနဲ့ သူမရပ်တည်နေနိုင်ပြီး မိဘကိုတောင် ထောက်ပံ့နေနိုင်ပြီပဲ ဖြစ်ပါတယ်။ တိုးတက်ဖို့ အကောင်းဆုံးကြိုးစားနေတဲ့ လူငယ်တစ်ဦးဖြစ်တဲ့ နေခြည်ဦးကိုတော့ လူငယ်တွေ အားကျအတုယူနေရတာပဲ ဖြစ်ပါတယ်။
ချီချီပြောသလို သူမဘာတွေ ဘယ်လိုပဲ ဝတ်စားဆင်ယင်နေပါစေ သူမဟာ သူမမို့လို့ကို ဂေါ်နေတာပါနော်။
ရုပ်ရှင်ဇာတ်ကားတွေမှာလည်း အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ နေခြည်ဦးကတော့ ဇာတ်ဝင်ခန်းအတွက် ဝိတ်တွေကျအောင်ချပြီး ပြင်ဆင်မှုတွေလည်း ပြုလုပ်ကာ ကြိုးစားတတ်သူတစ်ဦးပါ။
လူတိုင်းမှာ ရှိသင့်တဲ့ ပြင်းပြတဲ့စိတ်ဓါတ်နဲ့ ကြိုးစားမှုကို အဓိကထားပြီး ရှေ့ဆက်လာတဲ့ ချီချီကတော့ အခုဆိုရင် အောင်မြင်မှုတွေ များစွာကို ဆက်တိုက်ဆိုသလို ရရှိနေတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ဝါရင့်သရုပ်ဆောင်တွေနဲ့ ရင်ဘောင်တန်းပြီး သရုပ်ဆောင်နိုင်တဲ့ သူမကိုတော့ ချီလီလေးတွေက အကယ်ဒမီရ မင်းသမီးတစ်ဦးအနေနဲ့ မြင်ချင်နေကြပါပြီ။ ချစ်ပရိသတ်တွေလည်း ဘယ်လိုဝတ်စားဆင်ယင်မှုမျိုးပဲဖြစ်ဖြစ် နေခြည်ဦးဆိုတာ မပြောင်းလဲဘူးဆိုတဲ့အကြောင်း ချစ်စရာကောင်းအောင် ပြောပြခဲ့တဲ့ နေခြည်ဦးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Credit-Momolay