ပြီးခဲ့တဲ့ (၂၇) ရက်နေ့က ကျရောက်တဲ့ခိုင်သင်းကြည်ရဲ့မွေးနေ့ရက်မြတ်လေးမှာ မခိုင်လေး တစ်ယောက် မိသားစုနဲ့အတူတူ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ဓမ္မဝိဟာရပထမကျော် စာသင်တိုက်မှာ မွေးနေ့အလှူလေးကို ကျင်းပခဲ့ပါတာပဲဖြစ်ပါတယ်။ ဒီအလှူလေး မှာပဲ ဆရာတော်အတွက် နဝကမ္မအလှူငွေ (၁၀) သိန်းကျပ်ကို ရေစက်ချလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ ကြည်နူးစရာကောင်းတဲ့ မိသားစု အလှူလေးမှာ မိသားစုသုံးယောက်လုံးအဖြူရောင်ဝတ်စုံလေးနဲ့ အရမ်းကိုကျက်သရေရှိလွန်းနေခဲ့ပါတယ်။

အသက်အရွယ်တစ်ခုရောက်လာပြီဖြစ်ပေမယ့်လည်း မခိုင်လေးရဲ့နုပျိုမှုကတော့ တကယ့်ကိုအံ့မခန်းပါ။ ချစ်ရတဲ့သမီးငယ်လေးနဲ့တောင် ညီမတွေလို့ထင်ချင်စရာပါပဲ။ အနုပညာအလုပ်တွေကို ဆယ်စုနှစ်တစ်ုစာမကလုပ်ကိုင်လာခဲ့ပြီး သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေ လည်း အများအပြားပါပဲ။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေလည်း ထူထောင်ထားပြီး သူမနှစ်သက်တဲ့ အနုပညာအလုပ်ကိုလည်း တစိုက်မတ်မတ်ကြိုးစားနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

သူမရဲ့မွေးနေ့ရက်မြတ်လေးမှာ ဓမ္မဝိဟာရပထမကျော် စာသင်တိုက်က ဆရာတော်အတွက်နဝကမ္မအလှူငွေ- (၁၀)သိန်း၊ မေတ္တာသင်္ဂဟ အဖွဲ့ အတွက်- (၅)သိန်း ၊ ရုပ်ရှင်သက်ကြီးကန်တော့ပွဲအတွက်- (၅)သိန်း၊ စာပေသက်ကြီးကန်တော့ပွဲ အတွက် (၅)သိန်း ဒေါ်ခင်ကြည်ဖောင်းဒေးရှင်း- (၂၀)သိန်း၊ ဂရုဏကမ္ဘာဖောင်းဒေးရှင်း -(၂၀) သိန်း စုစုပေါင်း (၆၅) သိန်းလှူတန်းခဲ့တာပဲဖြစ်ပါတယ်။ အလှူရေစက်လက်နဲ့မကွာတဲ့မခိုင်လေးတို့မိသားစုတွေ ဒီထက်မကပိုပြီးလှူတန်းနိုင်ပါစေနော်။

Facebook Comments