မူးယစ်ဆေးဝါးဖမ်းဆီးမှုများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော ရဲတပ်ဖွဲ့ဝင်များကို ဆုငွေကျပ် ၁ သောင်း စီနှင့် ဂုဏ်ပြုလက်မှတ်အသီးသီးချီးမြှင့် လိုက်ကြောင်း မူးယစ်ရဲတပ်ဖွဲ့(ဗဟို)မှသိရသည်။

Image may contain: 27 people, people standing and indoor၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ ၂ဝ၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့အထိ မူးယစ်ဆေးဝါးဖမ်းဆီးရာတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များဖြစ်ပြီး စုစုပေါင်း ၂၀ ဦးဖြစ်ကြောင်း သိရသည်။

Image may contain: one or more people

အဆိုပါ ၂၀ ဦးထဲတွင် ၁၇ ဦးမှာ ဆုတော်ငွေကျပ် ၁၀၀၀၀ (သို့မဟုတ်) ဂုဏ်ပြုလက်မှတ် (သို့မဟုတ်) ဆုတော်ငွေ ၁၀၀၀၀ နှင့် ဂုဏ်ပြုလက်မှတ် စသဖြင့် အသီးသီးရရှိခဲ့ကြသည်။ယင်းထဲတွင် ရဲအရာရှိ တစ်ဦးကို ဆုငွေကျပ် ၁၀၀၀၀ နှင့် ရဲချုပ်အမှုထမ်းကောင်းလက်မှတ်၊ နောက်ထပ် အရာရှိ တစ်ဦးကို ဆုတော်ငွေကျပ် ၁၀၀၀၀ ၊ အခြားအဆင့်ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဆုတော်ငွေ ၁၀၀၀၀ ကျပ် ၊ အခြားရဲအရာရှိ ၅ ဦးကို ရဲချုပ်၏ အမှုထမ်းကောင်းလက်မှတ်၊ အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ရဲချုပ်၏ အမှုထမ်းကောင်းလက်မှတ်၊ ရဲအရာရှိ တစ်ဦး နှင့် အခြားအဆင့် ၆ ဦးတို့ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူး၏ အမှုထမ်းကောင်းလက်မှတ် စသဖြင့် ချီးမြင့်ခဲ့ကြောင်း သိရသည်။

ယင်း ၂၀ ဦးထဲတွင် ကျန် ၃ ဦးဖြစ်သော ရဲအရာခံတစ်ဦး၊ ရဲတပ်ကြပ်တစ်ဦး၊ ရဲတပ်သား တစ်ဦးတို့ကို ရာထူးတစ်ဆင့်စီတိုးပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။၎င်းတို့ကို မူးယစ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင် ၊ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ကျော်ဟန် နှင့် ရဲအရာရှိကြီးများက ဆုများပေးအပ်ချီးမြှင့်ပေးခဲ့သည်။

Credit-သတင်းတမန်

Facebook Comments