လမ်းဘေးမှာ တောင်းစားနေတဲ့သူတွေအတွက် ပိုက်ဆံကူတောင်းပေးနေတဲ့ Sinon loresca ရဲ့ဗီဒီယို
တစ်ကမ္ဘာလုံးက Catwalk King လို့ တင်စားခေါ်ဝေါ်ရလောက်တဲ့အထိ အရည်အချင်းရှိတဲ့ ဖိလစ်ပိုင် LGBT မော်ဒယ် Sinon Loresca ကတော့ မြန်မာနိုင်ငံကို အရမ်းချစ်ပြီး သူ့ရဲ့ဒုတိယမြောက် မိခင်နိုင်ငံလို့တောင် ပြောလေ့ရှိသူတစ်ဦးပါ။ လတ်တလောမှာတော့ Sinon က လူအချင်းချင်းခွဲခြားမှုမရှိကြောင်း လမ်းဘေးမှာ တောင်းစားတဲ့ သူတွေနဲ့ အတူထိုင်ပြီး ပိုက်ဆံတောင်းပေးခဲ့တဲ့ ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ တောင်းစားနေတဲ့သူတွေကို ပြုံးပျော်စေတဲ့ Sinon ရဲ့ စိတ်ဓာတ်ကတော့ တကယ့်ကို ချစ်စရာလေးပါပဲနော်။
ချစ်ပရိသတ်တွေအတွက် “တောင်းစားနေတဲ့ အမယ်အိုကြီးကိုသနားလို့ သူကိုယ်တိုင် ဝင်တောင်းရမ်းခဲ့တဲ့ Sinon loresca ရဲ့ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
Sinion ကတော့ ” Helping mama to asking some help to our lovely people that SMILE ?” ဆိုပြီး လမ်းဘေးမှာ တောင်းနေတဲ့ အမယ်အိုကြီးနဲ့ ကလေးမလေးကို သူကိုယ်တိုင် ရောထိုင်ပြီး ကူတောင်းပေးခဲ့တဲ့ဗီဒီယိုလေးကို ဝေမျှပေးထားတာပါ။
တောင်းစားနေတဲ့ အမယ်အိုကြီးကို သနားလို့ သူကိုယ်တိုင် ကူတောင်းပေးခဲ့တဲ့ Sinon loresca ရဲ့ဗီဒီယို
ဖိလစ်ပိုင်ရဲ့ နာမည်ကြီး LGBT မော်ဒယ် Sinon Loresca ကတော့ ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို ကြိုးစား ကျော်ဖြတ်ပြီး စိတ်ဓါတ်မာမာနဲ့ ရပ်တည်နိုင်တာကြောင့် ပရိသတ်တွေရဲ့လေးစားအားကျခြင်းကိုလည်း ခံထားရသူတစ်ဦးပါ။ Sinon ကတော့ မြန်မာပြည်ရောက်တုန်း နေရာပေါင်းစုံမှာ အလှူအတန်းတွေ များစွာလုပ်ခဲ့ပြီး သူ့ရဲ့မေတ္တာကို ပြသနေတာပါ။ ချစ်ပရိသတ်တွေလည်း စိတ်ထား အရမ်းကောင်းတဲ့ Sinon Loresca ကို ချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Credit-Momolay