အဆိုတော် အာဘွိုင်း ဟာဆိုရင် ပရိသတ်တွေ အားပေးချစ်ခင်ရတဲ့ အနုပညာရှင်တွေပါ။ အာဘွိုင်း မှာ ဆိုရင် ချစ်စရာကောင်းတဲ့ သမီးလေး၃ယောက် ကို ပိုင်ဆိုင်ထားပါတယ်။ သမီးလေး ၃ယောက် ကို လည်း သဲသဲလှုပ်ချစ်တဲ့ အာဘွိုင်းက မိခင်မွေးနေ့မှာ သူ့ရဲ့ သမီးလေးတွေကို အရမ်းချစ်ပေးလို့ ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။ ပရိသတ်ကြီးအတွက် မိခင်အတွက် မွေးနေ့ဆုတောင်းပေးထားတဲ့ အာဘွိုင်း ရဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

အာဘွိုင်း က ” Happy Birthday ဖွားဖွား Myint Zu Htun 🎂❤️ဒီမြေးမလေး ၃ယောက်ကို မိမိရဲ့ သမီးရင်းတွေအတိုင်း ကြည့်ရှုစောင့်ရှောက်၍ ချစ်ပေးလို့ ကျေးဇူးအထူးပါ။ အရမ်းချစ်တယ် အမေ။ အမြဲကျန်းမာပြီး အသက်ရာကျော်ရှည်ကာ ဒီမိသားစုနဲ့ အမြဲပျော်ရွှင်စွာနေရပါစေလို့ ဆုတောင်းပေးပါတယ် အမေ။ ❤️” ဆိုပြီးပြောထားပါတယ်။

အာဘွိုင်း က မိခင်မွေးနေ့ဆုတောင်းကို သမီးလေး ၃ယောက်ပုံလေးတွေနဲ့ ဆုတောင်းပေးထားတာပါ။

အာဘွိုင်း ရဲ့ ချစ်စရာကောင်းတဲ့ သမီးလေး ၃ ယောက်

မိခင်အတွက် မွေးနေ့ဆုတောင်းပေးထားတဲ့ အာဘွိုင်း ရဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Credit-Momolay

Facebook Comments