ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးမယ့် မြမြရုပ်ရှင်ဇာတ်ကားကြီးကတော့ လတ်တလောမှာ ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားနေတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အရမ်းကိုနာမည်ကြီးခဲ့တဲ့ မြမြ ကို အသက်သွင်းပြီး မြမြရဲ့ ဝမ်းနည်းစရာကောင်းတဲ့ ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးသွားမှာ ဖြစ်လို့ ပရိသတ်တွေအားလုံးက စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

အခုဆိုရင် မြမြရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကို ရွှေတိဂုံဘုရားမှာ ပြုလုပ်ခဲ့ပြီး မြစိမ်းရောင် ဆရာတော်ဘုရားကြီး၏ မေတ္တာဓာတ်ကို ခံယူခဲ့ပြီးနောက်မှာ အောင်မြင်စွာနဲ့ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မြမြရုပ်ရှင်ဇာတ်ကားရဲ့ လူဆိုးနေရာမှာ ပါဝင်ဖို့အတွက် လူရွေးချယ်မှုမှာတင် ပရိသတ်တွေရဲ့ အသံတွေများစွာ ကြားခဲ့ရတာကြောင့် ယခုဇာတ်ကားဖြစ်မြှောက်ရေးအတွက် ကန်တော့ပွဲအခမ်းအနားကို ဆရာတော်ဘုရားကြီးရဲ့ မေတ္တာဓာတ်ဖြင့် တခမ်းတနားပြုလုပ်ခဲ့တာကြောင့် ပရိသတ်တွေကတော့ အပြတ်အသတ်အားပေးနေကြပါပြီ။

မြမြရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကိုတော့ မြမြဇာတ်ကောင်နေရာမှာ သရုပ်ဆောင်မယ့် သင်ဇာဝင့်ကျော် နှင့်အတူ ဒါရိုက်တာ ညိုမင်းလွင်၊ မင်းသား ဖြိုးမြတ်အောင်တို့က တက်ရောက်ခဲ့ပြီး ရွှေတိဂုံဘုရား ရင်ပြင်ပေါ်မှာ ပရိသတ်တွေများစွာနဲ့ စည်ကားခဲ့တာဖြစ်ပါတယ်။ ဒီတော့ ပရိသတ်တွေအတွက်လည်း အစိမ်း‌ရောင် ဝမ်းဆက်လေးနဲ့ ယဉ်ယဉ်လေးလှနေတဲ့ သင်ဇာရဲ့ ပုံရိပ်လေးတွေအပြင် အခမ်းအနားပုံရိပ်လေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်နော်။

Facebook Comments