အဝင်းလို့ လူသိများတဲ့ မြန်မာနိုင်ငံမှာမွေးပြီးဂျပန်မှာကြီးတဲ့ မြန်မာနိုင်ငံသားလေး မိုရီဆာကီဝင်းကတော့ နိုင်ငံကျော် အဆိုတော်မလေး ပန်းရောင်ခြယ်ကို Win’s Show Time! အစီအစဉ် မှာ သရုပ်ပြမှုတစ်ခုအနေဖြင့် လက်ထပ်ခွင့်တောင်းခဲ့တာလည်းဖြစ်ပါတယ်။အဝင်းကတော့ ” ပန်းရောင် ကျွန်တော် ညီမကို စတွေ့ခဲ့တကတည်းက ညီမကလွဲရင် ကန်တာဘာမှစဉ်စားလို့မရပါဘူး။ ကျွန်တော်ရဲ့ အင်္ကျီရော၊ကျွန်တော်နှလုံးသားရော၊ကျွန်တော်ဘဝကိုရော အကုန်လုံးပန်းရောင်ခြယ်လိုက်ပါတယ်။ဒီနေ့ကျွန်တော်ယူလာတာကတော့ လက်ထပ်စာချုပ်ဖြစ်ပါတယ် ခင်ဗျာ။စကားသိပ်မပြောတတ်တော့ ပန်းရောင် ကျွန်တော်နဲ့ ခဏလိုက်ခဲ့ပါလား ခင်ဗျာ။”လို့ဆိုကာ စန္နယားနားခေါ်သွားခဲ့ပါတယ်။

အဝင်က စန္နယား တီရင်း ကမ္ဘာကျော်အဆိုတော်ကြီး Bruno Mars ရဲ့ နာမည်ကြီးသီချင်းဖြစ်တဲ့ “Marry You” ဆိုတဲ့ လက်ထပ်ခွင့်တောင်းတဲ့ သီချင်းလေးဆိုပြကာ ပန်းရောင်ခြယ် ကို လက်စွပ်လေးစွပ်ပေးခဲ့ပါတယ်။ပရိသတ်တွေကတော့ စိတ်ခုန်တတ်တဲ့ အဝင်းရဲ့ တော်ကီကြွယ်ပုံလေးကို သဘောကျနေကြတာလည်းဖြစ်ပါတယ်။မိုရီဆာကီဝင်းကတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး Boy Group တစ်ခုဖြစ်တဲ့ Prizma X အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး (၂၀၁၇)ခုနှစ်တွင် ဒါရိုက်တာကြည်ဖြူသျှင် ရိုက်ကူးသော ဂျပန် မြန်မာ ချစ်ကြည်ရေး ဇာတ်ကား ဇာတိမြေတွင် အဓိက ဇာတ်ကောင်အဖြစ် ပါဝင်ရိုက်ကူးခဲ့ရာမှစကာ မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေကို ဆက်တိုင်လုပ်ကိုင်လာပါတယ်။

လက်ရှိမှာတော့ မိုရီဆာကီဝင်းက Channel 9 မှာ ထုတ်လွင့်တင်ဆက်တဲ့ Win’s Show Time! အစီအစဉ်ရဲ့ ပင်တိုင် တင်ဆက်သူ အဖြစ် တင်ဆက်ပါတယ်။ ယခုဆိုရင် အ၀င်းတစ်ယောက် ဖျော်ဖြေတင်ဆက်လာတာ Season (3) ကိုရောက်ရှိလာပြီလည်းဖြစ်ပါတယ်။ ပရိသတ်ကြီးထဲမှာရော အ၀င်းကိုချစ်တဲ့ ပရိသတ်တွေအတွက် Win’s Show Time! Season (3) မကြာခင် ထုတ်လွင့်ပြသတော့ မှာတဲ့နော်။

Facebook Comments