မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ မော်လ်ဒိုက်နိုင်ငံမှာ ကျင်းပတဲ့Maldives International Challenge 2019 ပြိုင်ပွဲမှာ ဗီယက်နမ်ကစားသမားကို ရှုံးနိမ့်ခဲ့ပြီး တတိယဆုပဲရခဲ့တယ်လို့ သိရပါတယ်။ ဖခင်ဖြစ်သူ နည်းပြဆရာဦးထွန်းထွန်းဇော်က ပြိုင်ပွဲမှာလည်း သက်ထားသူဇာဟာ သူ့ထက် ကမ္ဘာအဆင့်မြင့်မားတဲ့ ကစားသမားနှစ်ဦး နိုင်ခဲ့တယ်လို့ လည်းသိရပါတယ်။ အခုပွဲမှာ တတိယဆုပဲ ရခဲ့ပေမယ့် သမီးဖြစ်သူရဲ့ လက်ရည် တိုးတက်လာတဲ့အတွက် အားရမိတယ်လို့ပြောပါတယ်။

သက်ထားသူဇာဟာ မော်လ်ဒိုက်နိုင်ငံမှာ စက်တင်္ဘာ (၁၇) ရက်ကနေ (၂၂) ရက်နေ့အထိကျင်းပတဲ့ -Maldives International International Series 2019ပြိုင်ပွဲမှာတော့ ဖိုင်နယ်အထိ တက်နိုင်ခဲ့ပြီး ဒုတိယဆုရခဲ့ ပါတယ်။ အခုပြိုင်ပွဲနှစ်ခုအပြီး ရမှတ်တွေလည်း တက်လာတယ်လို့ ဦးထွန်းထွန်းဇော်က ပြောပါတယ်။

Image may contain: 2 people, people smiling

လက်ရို သက်ထားသူဇာရဲ့ ကမ္ဘာ့အဆင့်ဟာ (၆၈) ဖြစ်ပြီး အင်္ဂါနေ့မှာထုတ်ပြန်မယ့် အဆင့်သတ်မှတ်ချက်မှာ တော့ (၆၁)လောက်အထိ တက်လာနိုင်တယ်လို့လည်း ဦးထွန်းထွန်းဇော်က ဆိုပါတယ်။ သက်ထားသူဇာ အနေနဲ့ ၂၀၂၀ခုနှစ် ဂျပန်နိုင်ငံမှာကျင်းပမယ့် ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲကို ၀င်ခွင့်ရဖို့ ကမ္ဘာ့အဆင့်မြင့်မားဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။ အဲဒီလို ကမ္ဘာ့အဆင့် တက်နိုင်ဖို့အတွက် လာမယ့် အောက်တိုဘာလ ၁၇ ရက်မှာ အီဂျစ်နိုင်ငံမှာကျင်းပမယ့် နိုင်ငံတကာ ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုဖို့ စီစဉ်ထားတယ်လို့လည်း သက်ထားသူဇာ ရဲ့ ဖခင်ဖြစ်သူ ဦးထွန်းထွန်းဇော်က ပြောကြားခဲ့ကြောင်းသိရှိရသည်။

Image may contain: 1 person, standing

Credit-MON

Facebook Comments