အသံပါဝါကောင်းကောင်းနဲ့ အဆွေးသီချင်းတွေကို ခံစားချက်အပြည့်ထည့်ပြီး သီဆိုတတ်တဲ့ အဆိုတော်မလေး ပိုပိုကတော့ သူမရဲ့ကိုယ်ပိုင်သံစဉ်တွေ၊ ဆန်းသစ်တဲ့ သီချင်းဗီဒီယိုတွေကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပိုပိုက အရမ်းကို ချစ်​ဖို့​ကောင်းတဲ့ သရုပ်​​ဆောင်​ ကိုကိုဦးရဲ့ သား​ချော​လေး သီဟ​အောင်​နဲ့ ရိုက်​ကူးထားတဲ့ သီချင်းဗီဒီယို​လေးကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ပရိသတ်တွေနဲ့ တစ်သားတည်းကျအောင် အားရပါးရ ဖျော်ဖြေခဲ့တဲ့ ပိုပိုနဲ့ သီဟအောင်တို့ သရုပ်​​ဆောင်ထားတဲ့ သီချင်းဗီဒီယိုကတော့ အရမ်းကို Romantic ဆန်ေ​နတာပဲ ဖြစ်ပါတယ်။


ချစ်ပရိသတ်တွေအတွက် အရမ်းကိုကြည့်​လို့မိုက်​တဲ့ ပိုပိုနဲ့ သီဟ​အောင်​တို့ရဲ့ သီချင်းဗီဒီယိုကို ​ဝေမျှ​ပေးထားတာပါ။

ပိုပိုက​တော့ “ပိုပို နဲ့ သီဟအောင်တို့ ဘယ်လို Ro ထားလဲ ကြည့်ကြည့် ❤️ပြီးရင် လက်ထပ်ချင်စိတ်ပေါက်လာရင် သင့် ချစ်သူရှိရင် Mention ခေါ်လိုက်ပါ ပြီးရင် Share လိုက်ပါ😍 ပို့မှာတော့ မောင် ရှိနေပြီလေ 🤪” ဆိုပြီး သူမရဲ့ သီချင်းဗီဒီယိုကို ​ဝေမျှ​ပေးထားတာပါ။

ကိုကိုဦးရဲ့ သား​ချော​လေး သီဟ​​အောင်​နဲ့ Romantic ဆန်ဆန်ရိုက်ကူးထား​တဲ့ ပိုပိုရဲ့ သီချင်းဗီဒီယိုအသစ်

ပရိသတ်​အတွက်​ အမြဲကြိုးစား​နေတဲ့ ပိုပိုကတော့ မကြာသေးခင်ကမှလည်း သူမရဲ့ Master Peice DVD အခွေလေးကို ပရိသတ်တွေရဲ့လက်ထဲ ထည့်ပေးခဲ့ပါသေးတယ်။ ချစ်ပရိသတ်တွေရော ရည်းစားမထားဖူးတဲ့ ​ကောင်​​လေး သီ​ဟ​အောင်​နဲ့ ပိုပိုတို့ရဲ့ သီချင်းဗီဒီယိုကို သ​ဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Credit-Momolay

Facebook Comments