မြန်မာနိုင်ငံမှာ မညီညွတ်ခြင်းတွေကြောင့် မျိုးဆက်သစ်ကလေးတွေဟာ ဘဝ မလှဖြစ်ကြရရှာပါတယ်။ ဆင်းရဲနွမ်းပါးမှု နဲ့ အလုပ်အကို ရှားပါးမှုတွေကြောင့်လည်း ကလေးတော်တော်များများဟာ ကျောင်းထဲမှာ ရှိရမယ့်အစား လမ်းပေါ်မှာ လ္ဘက်ရည်ဆိုင်မှာ ရရာနေရာမှာ ရသလို စီးပွားရှာနေကြရတာ အရွယ်နဲ့မမျှအောင်ပါပဲ။ ဒါကိုလည်း အားလုံးတွေ့ဖူးမြင်ဖူးကြမှာပါ။

အခုတစ်ခါ ပြောပြပေးချင်တဲ့ အကြောင်းအရာက လူမှုကွန်ရက်ပေါ်က အကြောင်းအရာလေးတစ်ခုပဲ ဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကိုတော့့ ဂျေလှသင်ဆိုတဲ့ အကောင့်ပိုင်ရှင်က မျှဝေပေးထားတာဖြစ်ပါတယ်။

လမ်းပေါ်ကပန်းကလေး ချစ်လိုက်တာ ဓာတ်ပုံအရိုက်ခံရင်ထီထိုးမယ် ဆိုတော့ ရိုက်ပါအန်တီ ရိုက်ပါ သားဆီမှာထီထိုးပါတဲ့ သူရွေးပေးတဲ့ ၁ဝစောင်တွဲယူတော့ ဖုန်းနံပါတ်ရေးတယ် လက်ရေးက ခနော်ခနဲ့ ဘယ်နှတန်းအထိကျောင်းနေဖူးသတုံးဆိုတော့ ၅တန်းနဲ့ကျောင်းထွက်လိုက်ရတာ တဲ့ တို့တိုင်းပြည်က မဖူးခင်ကြွေရတဲ့ပန်းတွေ သူထီရောင်းနေတဲ့လမ်းက စာသင်ကျောင်းနဲ့ကပ်လျက် စာသင်ခန်းထဲက စာအံသံတွေ လမ်းမကကြားနေရတယ် ကလေးရယ်

သူလည်း ကျောင်းနေချင်ရှာမှာပဲ အဲ့ဒီအရွယ်လေးတွေစာသင်ခန်းထဲမရှိပဲ လမ်းပေါ်မှာရှာဖွေစားနေရတာမြင်ရရင်လေ အလိုလိုရင်ထဲမှာမကောင်းတော့ဘူး လူတကာရဲ့အခက်အခဲ ကိုယ်တစ်ယောက်ထဲ ဘယ်ရှင်းပေးနိုင်ပါ့မလဲ ဒါပေမယ့် ကိုယ့်ကြောင့်သူ့ သောကလေး နဲနြဲဖစ်ဖြစ်သက်သာမယ်ဆိုလည်းလုပ်မယ် တကယ်က ဒီလအတွက်ထီကရုံးံမှာ ညီမတစ်ယောက်ဆီကထိုးပြီးသား သူ့ကိုမြင်တော့ ၁ဝစောင်ထပ်ထိုးတယ် ဆုကြီးပေါက်ရင် မင်းကိုထီရောင်းဖို့ ကားတစ်စီးဝယ်ပေးမယ်လို့ ဆိုတော့ သားက ထ်ီပေါက်ရင် ကျောင်းပြန်တက်မှာတဲ့ ။ Ok အန်တီပေါက်ရင်လည်း သားကိုကျောင်းပြန်တက်ရအောင်လုပ်ပေးမယ်လို့ ပြောတော့ ရီနေတယ် ။ ကိုယ်လည်း ဒီထီပေါက်ရင်ဆိုပြီး စိတ်ကူးယဉ်ခွင့်ရှိသလို သူလည်းအတွေးနဲ့ပျော်ပါစေ ။ကျောင်းထဲမှာပျော်နိုင်ပါစေ ကလေးရယ် ။ ဂျေလှသင် 27.9.2019 8 : 49 pm ဒီအကြောင်းအရာလေးကို ဖတ်ပြီးတော့ စိတ်မကောင်းဖြစ်မိပါတယ်။ ကလေးရဲ့ ဆန္ဒလေးပြည့်ဝအောင် ဝိုင်းပြီး ဆုတောင်းပေးကြပါဦေးနာ်

Credit-စွယ်စုံ

Facebook Comments