သမီးလေး Treasure ရဲ့ အသုံးအဆောင်လေးတွေကို ပရိသတ်တွေဆီ လက်ဆောင်ပေးမယ်ဆိုတဲ့ စန္ဒီမြင့်လွင်

Last modified date

ပရိသတ်တွေချစ်ကြတဲ့ စန္ဒီမြင့်လွင် က အဆိုပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်အောင်မြင်သူလေး ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်က အခုဆိုရင် အိမ်ထောင်ကျပြီးလို့ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို မွေးဖွားထားတဲ့ မိခင်တစ်ဦးဖြစ်နေပါပြီ။ စန္ဒီမြင့်လွင်က ကလေးမေမေတစ်ယောက်ဖြစ်နေပေမယ့် မိသားစုအရေးကိစ္စတွေနဲ့အတူတူ အနုပညာလုပ်ငန်းတွေကို မျှတစွာ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ စန္ဒီမြင့်လွင်က သူမကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် သမီးလေး Treasure ရဲ့ ပစ္စည်းတွေကို မဲဖောက်ပေးမယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲ ပြောပြထားပါတယ်။

“မေမေတွေနဲ့ကိုယ်ဝန်ဆောင်သည်များအတွက် လက်ဆောင်ပစ္စည်းလေးတွေရမယ့်အခွင့်အရေး…သမီးရဲ့လက်ဆောင်ပစ္စည်းလေးတွေအများကြီးရတဲ့ အခါတချို့ကလေးအမေတွေ နဲ့ကိုယ်ဝန်ဆောင်သည်ကို လက်ဆောင်ပြန်ပေးခြင်း ဖြစ်ပါတယ်။ မတတ်နိုင်သူတွေကိုလည်း ပေးဖြစ်ပါတယ်။”

“ခုလဲထပ်ပြီး သမီးလေးသုံးနေတဲ့ပစ္စည်းလေးတွေထဲက ဒိုက်ပါ ကလေးလှည်း wipes အင်္ကျိ၊ အ နှီး၊ ဘောင်းဘီတစ်ချို့ကို မဲနိုက်ပြီးလက်ဆောင်ပေးချင်ပါတယ်။ Post လေးကို like & share လုပ်ထားတာလေးကို screen shot ရိုက်ပြီး comment မှာပြပေးရမှာပဲဖြစ်ပါတယ်။ Comment ပေးထားတဲ့လူတွေထဲကမှ ဒီးဒီမဲနှိုက်ပြီး..ကံထူးတဲ့သူတွေကိုကြေညာပေးသွားမှာဖြစ်ပါတယ်။” ဆိုပြီး ပြောထားပါတယ်။

စန္ဒီမြင့်လွင်ကတော့ သမီးလေး Treasure လည်း ကုသိုလ်ရအောင် သမီးလေးရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဖဲဖောက်ပေးတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေထဲက ကလေးမေမေတွေလည်း စန္ဒီမြင့်လွင်ရဲ့ ပိုစ့်အောက်မှာသွားပြီး ကံစမ်းကြပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။

Credit-Momolay

Facebook Comments

Admin