ကလေးတိုင်း ကျောင်းပညာရေးရစေဖို့အတွက် ကြိုးစားနေမှုအပေါ် သံတမန်တစ်ယောက်အနေနဲ့ ဝမ်းသာပီတိဖြစ်ခဲ့တဲ့ ချစ်သုဝေ
ဂီတလောကမှာ အောင်မြင်တဲ့ အဆိုတော် တစ်ဦးအဖြစ်ကနေ ရုပ်ရှင်သရုပ်ဆောင် တစ်ဦး ဆရာဝန်တစ်ဦး အဖြစ်ပါ ပရိသတ်တွေသိကြတဲ့ အဆိုတော် ဒေါက်တာ မင်းသမီးချောလေး ချစ်သုဝေကတော့ အားလုံးရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ သူလေးပါ။ အနုပညာလှုပ်ရှားမှုတွေမှာ ပရိသတ်တွေရဲ့ အားပေးကြမ်းရလောက်အောင် အရည်အချင်းရှိသူတစ်ယောက်ဖြစ်ပြီး ယခုဆိုရင် ပရိသတ်တွေ သည်းသည်းလှုပ်ချစ်နေရတဲ့ အမြွှာသမီး လေး နှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့ သစ်လေးကို ပိုင်ဆိုင်ထားတဲ့ မေမေ တစ်ယောက်ဖြစ်ပါတယ်။
ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ ချစ်သုဝေက ချို့တဲ့ကလေးတွေအတွက် တစ်ဖက်တစ်လှမ်းကနေ အကောင်းဆုံးကြိုးစားပြီး ကုသမှုတွေ ထောက်ပံ့မှုတွေပြုလုပ်ပေးတဲ့ ပရဟိတဆရာဝန်မလေးတစ်ဦးလည်းဖြစ်ပါတယ်။ ကျောင်းပညာရေးကို ဦးစားမပေးနိုင်ပဲ ဝမ်းစားအတွက် ရှာဖွေနေရတဲ့ ကလေးငယ်တွေကို ကြည့်မိတိုင်း မျက်ရည်စို့မိပါတယ်ဆိုတဲ့ Treza က ကလေးငယ်တိုင်း ကျောင်းပညာရေး ရရှိနိုင်ဖို့အတွက် ကြိုးစာလုပ်ကိုင်နေတဲ့ MLRC ပညာရေးသံတမန်တစ်ဦးလည်းဖြစ်ပါတယ်။
Trezaက “ကလေးတွေအားလုံးကျောင်းပညာရေးလေးရရှိစေချင်တယ်.. လူအားငွေအားနိုင်သရွေ့ ကြိုးစားချသ်စိတ်တွေရှိတဲ့လိုအပ်နေရှာသောကလေးတွေအတွက် တို့တွေပိုအလုပ်လုပ်ရမယ်..အငြိမ်းစားပါမောက္ခဆရာကြီးများရဲ့ ကျောင်းပြင်ပမူလတန်းပညာရေး MLRC အတွက် ကြိုးစားနေမှုကိုမြင်ရတာ တကယ့်ကိုပီတိဖြစ်စရာပါ.. ချို့တဲ့ကလေးတွေရဲ့ ရင်ဖွင့်သံတွေကလည်း ကိုယ့်ရင်ကိုစို့စေတယ်ကွယ်” ဆိုပြီး အငြိမ်းစားပါမောက္ခကြီးတွေရဲ့ ကြိုးစားမှုတွေကို ကြည့်ပြီး ရင်ထဲကနေ ပီတိ စကားသံတချို့ပြောခဲ့တာလေးကို ပရိသတ်တွေလည်း ကြည်နူးပီတိစိတ်လေး ကူးစက်နိုင်ဖို့အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။