ရွှေ ၁ ပိဿာကျော် ဆင်ယင်ထားတဲ့ ရွှေသားစစ်စစ် ထိုင်မသိမ်းနဲ့ ရှိုးလျှောက်ခဲ့တဲ့ ရွှေစင်
ထူးခြားလှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှနဲ့ ကြည့်မဝအောင် လှတဲ့ မျက်နှာလေးတို့ကြောင့် ပုရိသကိုကိုတွေရဲ့နှလုံးသားကို အပိုင်သိမ်းထားနိုင်တဲ့ သရုပ်ဆောင် မော်ဒယ် ရွှေစင်ကတော့ တစ်နေ့တစ်ခြား ပိုပိုပြီးလှလာသူလေးဆိုလည်း မမှားပါဘူး။ လတ်တလောမှာတော့ ရွှေစင်က Mingalar Mandalay 5th year anniversary မှာ ရွှေ ၁ ပိဿာကျော် ဆင်ယင်ထားတဲ့ ရွှေသားစစ်စစ် ထိုင်မသိမ်းနဲ့ ရှိုးလျှောက်ခဲ့တဲ့ သူမရဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အဆိုပါဝတ်စုံကိုတော့ ဒီဇိုင်နာ မျိုးမင်းစိုးက ချုပ်ထားတာဖြစ်ပြီး ထာဝရဝိန့်စိန်က စပွန်ဆာပေးထားတာလို့လည်း သိရပါတယ်။
ချစ်ပရိသတ်တွေအတွက် အရမ်းကို ခမ်းနားလွန်းတဲ့ ရွှေပိဿာကျော် ဝတ်စုံနဲ့ ရှိုးလျှောက်ခဲ့တဲ့ မော်ဒယ်မလေး ရွှေစင်ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ရွှေစင်ကတော့ “Mingalar Mandalay 5th year anniversary ???? ပွဲ မှာ သုဓမ္မ မဏိဇောတဓရ ဒီဇိုင်နာမျိုးမင်းစိုး ချုပ်လုပ်တဲ့ ထာဝရဝိန့်စိန် ရဲ့ ထူးခြားဆန်းပြားလှပတဲ့ရွှေကနုတ်ပြားအမျိုးမျိုး ၁ ပိသာကျော် ဆင်ယင်ထားတဲ့ ရွှေသားစစ်စစ်ထိုင်မသိမ်း ကို ဂုဏ်ယူစွာဝတ်ဆင်ပြသပေးဖြစ်ခဲ့ပါတယ် ရှင်” ဆိုပြီး လှပလွန်းတဲ့ သူမရဲ့အလှပုံရိပ်လေးတွေကို ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။
ရွှေ တစ်ပိဿာကျော်လေးတဲ့ ဝတ်စုံလေးနဲ့တောင် ပေါ့ပေါ့ပါးပါး လမ်းလျှောက်ခဲ့တဲ့ ရွှေစင်ရဲ့ပုံရိပ်တွေကတော့ အရမ်းကို သွက်လက်နေသယောင်ဖြစ်နေတာပါနော်။
ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ ချစ်စရာ မော်ဒယ်လေး ရွှေစင်ရဲ့အချစ်ရေးကတော့ အခုအချိန်ထိကို အေးဆေးပါပဲတဲ့နော်။
ခမ်းနားကြီးကျယ်တဲ့ ဝတ်စုံကြီးနဲ့ ရှိုးလျှောက်ခွင့်ရလို့ ချစ်စရာမော်ဒယ်လေး ရွှေစင်တစ်ယောက် အရမ်းကို ပျော်နေတာပါ။ အလန်းစားပုံရိပ်တွေကို လူမှုကွန်ယက်မှာ မကြာခဏဆိုသလို ဝေမျှပေးလေ့ရှိတဲ့ ရွှေစင်ကတော့ လတ်တလောမှာလည်း အမိုက်စားပုံတွေကို ဆက်ပြီး ဖန်တီးဖြစ်နေကြတယ်လို့ သိရပါတယ်။ ချစ်ပရိသတ်တွေလည်း ရွှေတွေချည်း လှိုင်လှိုင်ဆင်ထားတဲ့ ဝတ်စုံနဲ့ ရှိုးလျှောက်ခဲ့တဲ့ ရွှေစင်ရဲ့ပုံရိပ်တွေကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Credit-Momoly