အသက်(၁၈)နှစ်အရွယ် မင်းသမီးစဖြစ်ခါစက ပုံရိပ်တွေကို ပြန်လည်မျှဝေလိုက်တဲ့ ခင်ဝင့်ဝါ
ပရိသတ်အချစ်တော် မိန်းမချောလေး ခင်ဝင့်ဝါက အလှမယ်ဘဝကနေ နိုင်ငံကျော်မင်းသမီးဖြစ်လာပြီး အခုဆိုရင် အောင်မြင်မှုများစွာ ရရှိနေပြီ ဖြစ်ပါတယ်။ ခင်ဝင့်ဝါက လက်ရှိမှာလဲ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလဲ ရိုက်ကူးနေတာဖြစ်ပြီး အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာဖြစ်ပါတယ်။ ခင်ဝင့်ဝါကို အားပေးကြတဲ့ ပရိသတ်တွေကလဲ အမြို့မြို့အနယ်နယ်မှာ အများအပြားရှိနေတာမို့် ခင်ဝင့်ဝါက တစ်နေ့တစ်ခြား အောင်မြင်မှုတွေ ရရှိနေလျက်ရှိပါတယ်။
ဒီနေ့မှာတော့ ခင်ဝင့်ဝါက လွန်ခဲ့တဲ့ (၇) နှစ်၊ (၈) နှစ် မင်းသမီးစလုပ်ခါစက သူမရဲ့ ပုံရိပ်တွေကို ပရိသတ်တွေအတွက် အမှတ်တရအနေနဲ့ ပြန်လည် မျှဝေပေးထားတာကို တွေ့ရပါတယ်။ ပရိသတ်တွေအတွက် ခင်ဝင့်ဝါရဲ့ ငယ်ဘဝအမှတ်တရ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ခင်ဝင့်ဝါရဲ့ အခုပုံလေးတွေက သူမအသက်(၁၈)နှစ် အနုပညာလောကထဲကို စတင်ဝင်ရောက်ခါစက ပုံရိပ်တွေ ဖြစ်ပါတယ်။ ခင်ဝင့်ဝါကို အရင်ကတည်းက အားပေးခဲ့ကြတဲ့ ပရိသတ်တွေကတော့ ဒီပုံတွေကို စိမ်းမယ်မထင်ပါဘူး။
ခင်ဝင့်ဝါက “ကိုယ့်ညီမ အငယ် ဆုံးလေး ? 2012&2013 တုန်းက ပုံလေး တွေ ?” ဆိုပြီး ပြောထားပါသေးတယ်။
ခင်ဝင့်ဝါက ၂၀၁၃ ခုနှစ်က Miss Supernational 2013 ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ထိုပြိုင်ပွဲမှတဆင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို အခုချိန်ထိ ခံနေရဆဲ ဖြစ်ပါတယ်။
ခင်ဝင့်ဝါကတော့ နှစ်တွေကြာမြင့်သွားတာတောင် ပြောင်းလဲခြင်းမရှိပဲ လှမြဲ၊ လှဆဲပါပဲနော်။ ပရိသတ်ကြီးလည်း ခင်ဝင့်ဝါရဲ့ ငယ်ဘဝအမှတ်တရ ပုံရိပ်လေးတွေကို သဘောကျကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ပါတယ်။
Credit-Momolay