မြမြသရဲဝင်ပူးတဲ့ မိန်းကလေးနေရာမှာ သရုပ်ဆောင်မယ့်အကြောင်းပြောပြလာတဲ့ ၀င်းသပြေထွန်း

Last modified date

ပရိသတ်တွေကြား အရမ်းကိုစိတ်ဝင်စားကြတဲ့ မြမြ သရဲကားနဲ့ ပတ်သက်ပြီး ဒါရိုက်တာညိုမင်းလွင်က မကြာခင်မှာ ရိုက်ကူးပုံဖော်တော့မှာဘဲ ဖြစ်ပါတယ်။ သူဟာ ပါဝင်တဲ့ ဇာတ်ကောင်အားလုံးကို ရွေးချယ်ပြီးသွားပြီဖြစ်ပြီးရုပ်ရှင်ကန်တော့ပွဲနဲ့ မီဒီယာမိတ်ဆက်ပွဲအခမ်းအနားကိုလဲ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါပွဲမှာ တက်ရောက်လာတဲ့ သရုပ်ဆောင် ၀င်းသပြေထွန်း က သူမသရုပ်ဆောင်ရမယ့်ဇာတ်ရုပ်နဲ့ သူမလေ့လာနေပုံတွေကို ပြောပြသွားပါတယ်။

Image may contain: 1 person

သူပြောပြခဲ့တာကတော့ “ ကိုယ်အိုက်တင်လုပ်တဲ့အခါ မတူမှာဘဲကြောက်တာ သရဲပူးခံရတဲ့ ညီမလေးက ဖေ့စ်ဘုတ်မှာ အရမ်းဟော့ဖြစ်တာဆိုတော့လေ၊သူနဲ့ မတူမှာကိုဘဲကြောက်တာ ။ အိမ်မှာအိုက်တင်တွေလဲ လုပ်ကြည်တယ် ညီမလေးရဲ့ ဗီဒီယိုတွေလဲ ပြန်ကြည့်ဖြစ်တယ်”“အရင်တုန်းကထဲက ညီမကလိပ်ပြာလှတယ်လို့ ပြောကြတယ်။ အိမ်ကဇာတ်ထောင်တယ် အငြိမ့်တွေလဲ ကတယ်ဆိုတော့လေ လမိုင်းပွဲပေးတာတွေရှိတယ်လေအဲ့ခါကြရင် ကိုယ့်ကိုဝင်ပူးနေကြ ဒါပေမယ့်လေ ၀င်ပူးတယ်ဆိုတာကို သူများပြောတုန်းက မယုံဘူးပေါ့နော်။

Image may contain: 1 person, smiling, standing

စိတ်ထဲမှ သိပ်မယုံဘူး ကိုယ်ကိုယ်တိုင် တကယ်ဝင်ပူးခံရတဲ့ အခါကြမှလေ အသိစိတ်ကြီးကလေ အကုန်လုံးကြီး လွတ်ထွက်သွားတာမဟုတ်ဘူး သိလိုက်မသိလိုက်ဆိုတော့လေ အဲ့ဒါကိုညီမနည်းနည်းတော့ယုံတယ်”“သရဲဝင်ပူးတာတော့ မဟုတ်ဘူး ကန္နားပေးတဲ့အခါတွေမှာ လိပ်ပြာလှလို့ ၀င်ပူးခံရတာလေ အဲ့လိုမျိုး အရင်တုန်းကအဲ့ညီမလေးရဲ့ ဗီဒီယိုဖိုင်တွေ တက်လာတုန်းက ညီမကြည့်တယ် ကြည့်တော့ ကိုယ့်ကြောက်တော့လေ

Image may contain: one or more people

အမြဲမကြည့်ဘူး ကြည့်လိုက်ဖြောက်လိုက်နဲ့ အကိုပြောပြီးတဲ့ အချိန် ပြန်ကြည့်လိုက်တဲ့ အခါကြတော့ တော်တော်တူတယ် ။အဲ့ညီမလေးနဲ့တော့ တွေ့မယ်” လို့ဆိုပြီး ပြောပြခဲ့ပါတယ်။အဲ့ဒီနောက်မှာ ဒီရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး “ ကိုယ့်ကြောင့်မို့ ဇာတ်ကားကို မလျှော့သွားစေချင်ဘူး မြမြဇာတ်ကားကြောင့် ညီမကိုလူပိုသိသွားတယ် ထင်တယ်” လို့ လဲ ဆိုပါတယ်။

Credit-MON

Facebook Comments

Admin