နှစ်ယောက်ကြားကို ပြဿနာတက်အောင် စနောက်ခဲ့ပေမယ့် ချစ်သူအပေါ်မှာ ယုံကြည်မှုအပြည့်ရှိကြောင်း သက်သေပြခဲ့တဲ့ ထွန်းထွန်းရဲ့ ကောင်မလေး

Last modified date

အဆိုတော်သရုပ်ဆောင်ထွန်းထွန်ရဲ့ သိပ်ချစ်ရတဲ့ချစ်သူလေးက လေယာဉ်မယ်လေးပါတဲ့ ပရိသတ်ကြီးရေ။ ဘာကြောင့်သိပ်ချစ် ရသလဲဆိုတဲ့အကြောင်းအရင်းလေးကတော့ ချစ်သူအပေါ်မှာ အပြည့်အဝယုံကြည်မှုရှိပြီး ကြားစကားကြောင့်နဲ့ သွေးမကွဲတတ်တဲ့ သူမရဲ့အကျင့်လေးကြောင်းထင်ပါရဲ့နော်။ ထွန်းထွန်းရဲ့ သိပ်ချစ်ရတဲ့ချစ်သူလေးက အရမ်းကို ချစ်ဖို့ကောင်းသူလေးမို့ ပရိသတ်တွေ ကလည်း ဝိုင်းချစ်နေကြပါတယ်။

နှစ်ယောက်အတူရှိနေတဲ့အချိန်မှာ Sam Dara ရဲ့ သူငယ်ချင်းဖြစ်သူ DJ Artist နဒီက ထွန်းထွန်းရဲ့ ချစ်သူပါဆိုပြီး နောက်ပြောင် ကာဖုန်းဆက်ခဲ့ပါတယ်။ ဒီလိုဆက်တဲ့အချိန်ဟာ နှစ်ယောက်အတူ ရှိနေတဲ့အချိန်ဖြစ်ပြီး ထွန်းထွန်းကိုဖုန်းပေးကာ ပြောခိုင်းခဲ့ပါ သေးတယ်။ ဒီနောက်မှာတော့ အခုလိုနောက်ပြောင်သူဟာ သူငယ်ချင်းဖြစ်နေမှန်းသိပြီး ငိုအားထက်ရယ်အားသန်ခဲ့တဲ့အကြောင်း လေးကို သူမရဲ့လူမှုကွန်ယက်မှာပြောပြထားတာပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိရှိနဲ့လက်တွဲထားတဲ့ ဒီ Relationship လေးက အလွယ်တကူနဲ့ လုံးဝမပျက်ဆီးနိုင်ပါဘူး။

” ကိုယ့်ဆီကို မသိတဲ့ဖုန်းနံပါတ် 1 call ဝင်လာတယ် ကောင်မလေးတစ်ယောက် အသံတိုးတိုးလေးနဲ့ ” Hello ! Sam Dara လား ” တဲ့ ” ဟုတ်ပါတယ် ဘယ်သူလဲ ” ဆိုတော့ ကိုယ့်ကောင်လေးနာမည်ကို ပြောပြီး သူ့ရည်းစားပါတဲ့ ကိုယ်ကလည်း “အတော်ပဲ အခု သူဘေးမှာရှိတယ် ပြောဦးမလား” လို့ပြောပြီး “ကိုကိုရေ ကိုကို့စော်ဆီက ဖုန်းလာတယ်” ဆိုပြီး ဖုန်းပေးလိုက်တယ်လေ အဲ့ဒါနဲ့ ဖုန်းထဲက ချိမက ဘာပြောတယ်ထင်လဲ ” ကို… ကိုဘယ္မွာလဲ ” တဲ့ ကိုယ့်ချစ်သူကလည်း ဘယ်သူလဲ ဘာလဲ ညာလဲ ဘာတွေ လာပြောနေတာလဲ ဆိုပြီးတော့ ဖုန်းကျသွားပါရော ကိုယ်ပြုံးပြုံးလေးပဲ ကြည့်နေလိုက်တယ် သူကတော့ပြောပါတယ် ဘေဘီ့သူငယ်ချင်း တစ်ယောက်ယောက် နောက်နေတာဖြစ်မယ်တဲ့ (Confident အပြည့်နဲ့) ပြီးမှ ဖုန်းဆက်တဲ့ ချိမဟာ ကိုယ့်အသဲတစ်ခြမ်း ” Ella ” ဖြစ်နေလေရဲ့ ကြောက်လတ်ထှာရှင် ရုတ်တရက် ရင်ထဲမှာ ဒူးရင်းသီးတောင်သီးသွားတယ် ” ဆိုပြီး ပြောပြထားတာပဲဖြစ်ပါတယ်။

Facebook Comments

Admin