သွက်လွန်းလို့ မေမေခိုင်နှင်းဝေတောင် ထိန်းရခက်နေပြီဖြစ်တဲ့ သမီးလေး ရွှန်းရတီခိုင်

Last modified date

ပရဟိတမင်းသမီးတစ်ဦးအဖြစ် ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှု များစွာကိုရရှိပိုင်ဆိုင်ထားတဲ့ ခိုင်နှင်းဝေက ရုပ်ရှင်လောကမှာလည်း အောင်မြင်ကျော်ကြားတဲ့ ဝါရင့်သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်ပါတယ်။ ချို့တဲ့သူ လိုအပ်နေသူတွေကို မေတ္တာ စေတနာ အပြည့်နဲ့ ကူညီစောင့်ရှောက်မှုတွေပေးနေတဲ့ ခိုင်နှင်းဝေရဲ့ စိတ်ဓာတ်လေးကတော့ ပရိသတ်တွေ လေးစားအားကျရလောက်တဲ့ မြန်မာ အမျိုးသမီးတစ်ဦးအဖြစ်စံထားရလောက်အောင်ပါပဲ။

ပရိသတ်တွေကြားမှာ သာမက အနုပညာရှင်တွေကြားမှာပါ နာမည်ကြီးနေတဲ့ ရင်ခွင်မဲ့ သားသားမီးမီးလေးတွေအတွက် မခိုင်နှင်းဝေဖွင့်ထားတဲ့ ဂေဟာလေးကလည်း နွေးထွေးမှုတွေအပြည့်နဲ့ ယခုဆိုရင် ချစ်စရာကောင်းတဲ့ ဂေဟာလေးတစ်ခုအဖြစ် နာမည်ကြီးနေတဲ့ နေရာလေးတစ်ခုပါ။ မိဘမေတ္တာကို ငတ်မွတ်နေကြတဲ့ သားသားမီးမီးလေးတွေထဲကမှ မခိုင်နှင်းဝေ မွေးစားခဲ့တဲ့ သူမနဲ့ အရမ်းကို တူတဲ့ သမီးလေး ရွှန်းရတီခိုင်လေးက ခုဆိုရင် မခိုင်နှင်းဝေရဲ့ လက်ပေါ်မှာတင် တဖြည်းဖြည်း အရွယ်ရောက်လာပြီဖြစ်ပါတယ်။

သွေးသားမတော်စပ်ပေမယ့် ပြုံးလိုက်ရင် ပါးချိုင့်လေးနဲ့မို့ ပရိသတ်တော်တော်များများက မခိုင်နှင်းဝေနဲ့ တူပြီး ချစ်ဖို့ကောင်းတဲ့ သမီးလေးအဖြစ် အချစ်တွေအများကြီးကို ပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ သမီးလေး ရွှန်းရတီခိုင်က အရမ်းလည်ပြီး မေမေ ခိုင်နှင်းဝေထက် သွက်လွန်းတဲ့ သူလေးပါ။ အခုလည်း မေမေ ခိုင်နှင်းဝေက အလုပ်က စောစောပြန် သမီးလေးအတွက် အချိန်ပေးပြီး လိုက်ဖမ်းလို့ မရလောက်အောင် အရမ်းကို သွက်တဲ့ သမီးလေးကို ဗီဒီယို ရိုက်ထားတာပါ။ ပရိသတ်ကြီးလည်း…ချစ်စရာကောင်းတဲ့ သမီးလေးကို ကြည့်ပြီး အချစ်တွေတိုးစေဖို့အတွက် ဗီဒီယိုလေးကို ပြန်လည်ဝေမျှလိုက်ပါတယ်နော်။

Facebook Comments

Admin