ပရိသတ်တွေကို နှုတ်မဆက်ပဲ ရုတ်တရက်ထွက်ခွာသွားတာ တစ်နှစ်တိတိပြည့်သွားပြီဖြစ်တဲ့ မင်းသွေး

Last modified date

ပရိသတ်တွေ ချစ်ကြတဲ့ သရုပ်ဆောင်၊ အဆိုတော် မင်းသွေး ကွယ်လွန်သွားတာ ဒီနေ့ဆိုရင် (၁)နှစ်တိတိ ပြည့်ပြီ ဖြစ်ပါတယ်။ မင်းသွေး ကွယ်လွန်သွားတာ တစ်နှစ်ရှိပြီဆိုပေမယ့် သူ့ကို ချစ်ကြတဲ့ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေကတော့ ဒီနေ့ဒီအချိန်ထိ မေ့လို့ရဦးမယ် မထင်ပါဘူး။ မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေက မင်းသွေး ကွယ်လွန်ပြီးကတည်းက လစဉ် လတိုင်း သူ့အတွက် ရည်စူးပြီး ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပေးနေကြတာကို တွေ့ရပါတယ်။

မင်းသွေးက ပြီးခဲ့တဲ့ အောက်တိုဘာလ (၃) ရက်နေ့ညပိုင်းက သူငယ်ချင်းတွေနဲ့ ဘောလုံးကန်ပြီး ရေသောက်ရာမှ ရုတ်တရက် နှလုံးအမောဖောက်ပြီး နာရီပိုင်းအတွင်းမှာတင် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

လူတိုင်းကို စေတနာထားပြီး စိတ်ကောင်း၊ စေတနာကောင်းရှိတဲ့ မင်းသွေး ကွယ်လွန်သွားတယ်ဆိုတဲ့ သတင်းကြားသိရချင်းမှာတော့ တစ်နိုင်ငံလုံးက ပရိသတ်တွေ တော်တော်လေး ဝမ်းနည်းပူဆွေးခဲ့ရတာပဲ ဖြစ်ပါတယ်။

မင်းသွေးက သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေများစွာ ရိုက်ကူးခဲ့ပြီး “ထိုးစစ်” လို့ အမည်ရတဲ့ သီချင်းခွေတစ်ခွေကိုလည်း ထွက်ရှိနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

မင်းသွေးကတော့ အခုချိန်လောက်ဆို ကောင်းမွန်အေးချမ်းတဲ့ ဘဝသစ်တစ်ခုမှာ ပျော်ရွှင်နေလောက်ပြီ ထင်ပါတယ်။ ဒါပေမယ့် ကျန်ရစ်သူတွေကတော့ ဒီနေ့ဒီအချိန်ထိ မင်းသွေးဆိုတဲ့ အနုပညာရှင်တစ်ယောက်ကို မေ့လို့မရသေးပါဘူး။ ပရိသတ်ကြီးရော မင်းသွေးကို သတိရကြသေးရဲ့လား?

Credit-မိုမိုလေး

Facebook Comments

Admin