မင်းသွေးကွယ်လွန်ခြင်း (၁) နှစ်ပြည့်အဖြစ် ဘုန်ကြီးဆွမ်းကပ် တရားနာခဲ့တဲ့ နေတိုးတို့ မိသားစု

Last modified date

ပရိသတ်တွေ ချစ်ကြတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသွေးက ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ် အောက်တိုဘာလ (၃)ရက်နေ့က ဘဝတစ်ပါးကို ရုတ်တရက် ကူးပြောင်းသွားတာ ဖြစ်ပါတယ်။ မင်းသွေး ကွယ်လွန်သွားတာ တစ်နှစ်ပြည့်ပြီဆိုပေမယ့် ကျန်ရစ်ခဲ့တဲ့ မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေကတော့ ဒီနေ့ဒီအချိန်ထိ သတိရအောက်မေ့နေဆဲ ဖြစ်ပါတယ်။ မင်းသွေးရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေကလည်း မင်းသွေးအတွက် ရည်စူးပြီး အလှူအတန်းတွေ လစဉ်လတိုင်း ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ နေတိုးတို့ မိသားစုကတော့ မင်းသွေးကွယ်လွန်ခြင်း တစ်နှစ်ပြည့်အဖြစ် နေအိမ်မှာ ဘုန်းကြီးဆွမ်းကပ် တရားနာခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် နေတိုးတို့ နေအိမ်က ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ကွယ်လွန်သွားပြီဖြစ်တဲ့ ညီလေးငယ် မင်းသွေးအတွက်ရည်စူးပြီး တရားနာနေတဲ့ နေတိုးတို့မိသားစု

ဘုန်းကြီးဆွမ်းကပ်ဖို့ ပြင်ဆင်နေကြတဲ့ မြင်ကွင်းလေး

နေတိုးကတော့ အစ်ကိုကြီးပီပီ ညီလေးငယ် မင်းသွေးအတွက် သေသေချာချာ ကောင်းမှူကုသိုလ်တွေ ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ မင်းသွေးတစ်ယောက်လည်း မိသားစုတွေ ပြုပေးတဲ့ ကောင်းမှူကုသိုလ်တွေကို ရောက်ရာဘုံဘဝကနေ သာဓုခေါ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit-Momolay

Facebook Comments

Admin