နေတိုးနဲ့ ကုတင်ပေါ်ကအခန်းတွေ ရိုက်ခဲ့ရတဲ့ သူ့ရဲ့ခံစားချက်တွေပြောလာတဲ့ မြတ်ကေသီအောင်

Last modified date

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မြတ်ကေသီအောင် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ ဝါရင့်သရုပ်ဆောင် တစ်ဦးပါ။ သူမ သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားများစွာ ရှိပြီး ခုအချိန်ထိ ငယ်ရွယ်နုပျို နေတဲ့ သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရှိနေတာပဲ ဖြစ်ပါတယ်။ တစ်ခါမှာတော့ ပရိသတ်တွေအတွက် မြတ်ကေသီအောင် က စပွန်ဆာ ရုပ်ရှင်ဇာတ်ကားမှာ နတိုးနဲ့ ကုတင်ပေါ်ကအခန်းတွေ ရိုက်ခဲ့ရတဲ့ သူ့ရဲ့ခံစားချက်တွေပြောလာတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

မြတ်ကေသီအောင် က စပွန်ဆာ ရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင် နေတိုး၊ ရဲလေး၊ပိုင်ဖြိုးသု၊ ကျော်ကျော် ၊ တစ်ခြား အနုပညာရှင်များစွာနဲ့အတူ သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။

မြတ်ကေသီအောင် က စပွန်ဆာ ရုပ်ရှင်ဇာတ်ကားမှာ နေတိုးကို စပွန်ဆာပေးတဲ့ သူအဖြစ်သရုပ်ဆောင်ထားတာဖြစ်ပြီး နေတိုးနဲ့ ကုတင်ပေါ်က အခန်းတွေရိုက်ဖြစ်တဲ့ သူ့ရဲ့ ခံစားချက်ကို ခုလိုပြောပြထားပါတယ်။

မြတ်ကေသီအောင် က ” ဒီခေတ်ကြီးမှာ စပွန်ဆာပေးတိုင်းမကောင်းဘူးလို့ပြောလို့မရဘူးလေ အစ်မ ဒီကိုလာတာ အဝတ်အစား၊ မိတ်ကပ် ၊ စပွန်ဆာယူပြီး လာတာ ဒီခေတ်ကြီးမှာ စပွန်ဆာ ဆိုတဲ့စကားလုံးက မကောင်းတဲ့ ဘက်မသွားတော့ဘူးအရင်တုန်းက သာစပွန်ဆာ ဆိုရင် မကောင်းတဲ့ဘက်တွေးကြတာ ”

” နေတိုးနဲ့ ကုတင်ပေါ်က အခန်းတွေရိုက်ဖြစ်တဲ့ သူ့ရဲ့ ခံစားချက်ကို ကတော့ ဇာတ်ညွန်းဖတ်တုန်းကလည်း အဲလောက်ကြီးမသိထားဘူး ရိုက်မယ်ဆိုတော့မှ သိတာ လေ။ ရိုက်ရတော့မယ်ဆိုတော့ ဒါရိုပ်တာကို အရင်အခန်းတွေမှာ ကိုနေတိုး ဘယ်လိုတွေလုပ်ထားလဲ၊တခြားသူတွေနဲ့မတူချင်လို့လေ မတူချင်ဘူးဆိုတာက ကြည့်တဲ့ပရိသတ်တွေကို တခန်းနဲ့တစ်ခန်းမတူချင်တာနဲ့ ဆန်းဆန်းပြားပြားလေး ရိုက်ချင်တာနဲ့ ဒါရိုက်တာနဲ့ တိုင်ပင်ပြီး ဘယ်လိုလုပ်ကြမလဲ ညှိကြတာပေါ့နော်။ အစ်မလည်း အစတည်းက ဒီလို အခန်းရိုက်ရင် ဘယ်လို လုပ်မလဲဆိုတာ စဉ်းစားထားပြီးသား ဒါရိုက်တာကတော့ အားနာလို့အစ်မကိက မပြောဘူး ။ အစ်မက ပဲအဲလိုရိုက်မယ်လို့ ပြောလိုက်တာပါ။”

” ကိုနေတိုးကို မျက်နှာပူတာပေါ့နော် ရိုက်တော့ ကိုယ့်မောင်လေး ဆိုတဲ့ စိတ်တွေဖျောက်ပြီး ခံစားချက်သွင်းရတော့ပေါ့ ။ အစတုန်းကတော့ ရှက်တာပေါ့ ဒီလိုအိပ်ယာကြီးထဲမှာ သူရောကိုယ်ရော စောင်အတူတူခြုံပြီး သူမျက်နှာ ကိုယ်အပ် ကိုယ့်မျက်နှာ သူအပ် အားနာတယ်သူ့ကို ” ဆိုပြီး ပြောထားပါတယ်။

မြတ်ကေသီအောင် က စပွန်ဆာ ရုပ်ရှင်ဇာတ်ကားမှာ နတိုးနဲ့ ကုတင်ပေါ်ကအခန်းတွေ ရိုက်ခဲ့ရတဲ့ သူ့ရဲ့ခံစားချက်တွေပြောလာတဲ့ အကြောင်းကို ပရိသတ်တွေသိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Credit-Momolay

Facebook Comments

Admin