ဇာတ်ပို့ သရုပ်ဆောင် ဒေါ်နန်းခမ်းဝါ အတွက် ဈေးဆိုင်လေးဖွင့်ပေးခဲ့တဲ့ ခိုင်နှင်းဝေ

Last modified date

ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး ခိုင်နှင်းဝေကတော့ လတ်တလောမှာ အနုပညာအလုပ်တွေထက် ပရဟိတအလုပ်တွေကို ပိုမိုအားစိုက်လုပ်ကိုင်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ ပရဟိတ မိခင်ကြီးလိုတောင် တင်စားခေါ်ဝေါ်ရလောက်အောင် လူမှုအကျိုးပြုလုပ်ငန်းတွေကို ဖြူစင်တဲ့စိတ်ထားလေးနဲ့ ကူညီမှုတွေပေးအပ်နေပြီး လက်ရှိမှာ မိဘမဲ့ကလေးသူငယ်လေးတွေအတွက် “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ”လို့ အမည်ရတဲ့ ဂေဟာလေးကိုတည်ထောင်ကာ လူမမယ်ကလေးတွေကို မိခင်စိတ်အပြည့်အဝနဲ့ စောင့်ရှောက်မှုတွေပေးအပ်နေပါသေးတယ်။

Image may contain: 2 people, people smiling, people standing and outdoor

Image may contain: 3 people, people smiling, people sittingဒီလို ကလေးသူငယ်စောင့်ရှောက်မှု ပရဟိတလုပ်ငန်းတွေအပြင် မြန်မာနိုင်ငံအနှံ့အပြားဒေသတွေက ဒုက္ခရောက်နေတဲ့ သူတွေကို လိုအပ်တဲ့ ကူညီမှုတွေပြုလုပ်ပေးလေ့ရှိပါသေးတယ်။ဒါတွေအပြင် ဗီဒီယို ခေတ်ပျက်ခဲ့တာကြောင့် ဒုက္ခရောက်နေရတဲ့ လုပ်ဖော်ကိုင်ဖက် အနုပညာရှင် ညီအကိုမောင်နှမတွေကိုလည်း အခြေတကျရပ်တည်နိုင်ဖို့လိုအပ်တဲ့ ကူညီမှုတွေ ပေးအပ်နေပြီး လွန်ခဲ့တဲ့ လအနည်းငယ်တုန်းကလည်း သရုပ်ဆောင်ရဲလေးမ အတွက်ကို မုန့်ဟင်းခါးဆိုင်လေး ဖွင့်လှစ်ပေးခဲ့ပါသေးတယ်။

Image may contain: 2 people, people standing and outdoorဒီနေ့ အောက်တိုဘာလ (၃)ရက်နေ့မှာလည်း ခိုင်နှင်းဝေဟာ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ပို့သရုပ်ဆောင် ဒေါ်နန်းခမ်းဝါအတွက် စီးပွားရေးလုပ်ငန်းလေးအဖြစ် အအေးဆိုင်လေးတစ်ဆိုင်ဖွင့်ပေးခဲ့တယ်လို့ သိရှိရပါတယ်။အအေးဆိုင်လေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေအပြင် ဆန်(၁)အိတ်နဲ့ အလှူငွေတွေနဲ့ တခြားသော ပစ္စည်းတွေကိုလည်း လှူဒါန်းပါသေးတယ်။ ပရိသတ်ကြီးရေ မွန်မြတ်တဲ့ စိတ်ထားလေးနဲ့ ဒုက္ခရောက်နေတဲ့ သူတွေကို ကူညီနေတဲ့ ခိုင်နှင်းဝေတစ်ယောက် ဒီထက်မက ပိုမို လှူဒါန်းနိုင်အောင် ဆုမွန်ကောင်းလေးတွေတောင်းပေးသွားပါဦး။

Image may contain: 2 people, people smiling, people standing and outdoor

Facebook Comments

Admin