ဦးဦးနေတိုးကို သီတင်းကျွတ်ကန်တော့ခဲ့တဲ့ ဇွဲဝေယံထူးနဲ့ ဇွဲဝေယံထက်

Last modified date

“မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေရဲ့ အားပေးခြင်းကို ခံခဲ့ရတဲ့ ကလေးသရုပ်ဆောင်တွေဖြစ်ကြတဲ့ အမြွှာညီအစ်ကိုလေး ဇွဲဝေယံထူးနဲ့ ဇွဲဝေယံထက်ကို မှတ်မိကြဦးမယ် ထင်ပါတယ်။ ဇွဲဝေယံထူးနဲ့ ဇွဲဝေယံထက်တို့က အခုဆိုရင် ကျောင်းတစ်ဖက်နဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း တစ်ယောက်တစ်မျိုးစီ ချစ်စရာကောင်းတဲ့ ဇွဲဝေယံထူးနဲ့ ဇွဲဝေယံထက်တို့ ညီအစ်ကိုကို ချစ်ခင်ကြတာ ဖြစ်ပါတယ်။

ဇွဲဝေယံထူးနဲ့ ဇွဲဝေယံထက်တို့ ညီအစ်ကို နှစ်ယောက်က ပြီးခဲ့တဲ့ အောက်တိုဘာလ (၂) ရက်နေ့က သူတို့ချစ်တဲ့ ဦးဦးနေတိုးဆီ သွားရောက်လည်ပတ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ နေတိုးကလည်း သူချစ်တဲ့ ကလေးလေးတွေ သူ့ဆီရောက်လာကြလို့ တော်တော်လေး ဝမ်းသာနေတာကို တွေ့ရပါတယ်။

ဇွဲဝေယံထူးနဲ့ ဇွဲဝေယံထက်က ဦးဦးနေတိုးကို သီတင်းကျွတ်မှာ မှတ်မှတ်ရရ သွားရောက်ကန်တော့ခဲ့လို့ နေတိုးခမျာ တော်တော်လေး ဝမ်သာပီတိဖြစ်နေတာကို တွေ့ရပါတယ်။

“သားတို့အတွက်တော့ ဦးဦးနေတိုးက အမြဲတမ်း ခမ်းနားနေတာပါပဲဗျာ” တဲ့

နေတိုးနဲ့ ဇွဲဝေယံထူးနဲ့ ဇွဲဝေယံထက်တို့ရဲ့ သံယောဇဉ်ကတော့ တကယ်ပဲ ချစ်စရာကောင်းလှပါတယ်။ ပရိသတ်ကြီးလည်း ဇွဲဝေယံထူးနဲ့ ဇွဲဝေယံထက်တို့ ညီအစ်ကိုရဲ့ ပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Credit-Momolay

Facebook Comments

Admin