စာမေးပွဲ နောက်ဆုံးနေ့ ပျောက်ဆုံးသွားသောကြောင့် မိဘများလိုက်ရှာနေသော ကောင်မလေး အသတ်ခံထားရ
ဖြစ်စဉ်မှာ ကလေးမြို့နယ် ကလေးတက္ကသိုလ် Botany မေဂျာဘာသာရပ်အထူးပြုယူထားသော မအေးချမ်းမွန်ဟာ စာမေးပွဲဖြေဆိုပြီး နောက်ဆုံးနေ့ညနေတွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပါသည်။ မိဘများမှ စိတ်ပူသောကြောင့် ဖေ့ဘုတ်ပေါ်တွင် လူပျောက်ကြေငြာဖြင့် ပို့စ်တင်အကူညီတောင်းခံခဲ့ကြတာဖြစ်ပါတယ်။
“ဒီသမီးလေးပျောက်သွားလို့ပါ မိဘများစိတ်ပူနေကြလို့ပါ တက္ကသိုလ်စာမေးပွဲနောက်ဆုံးနေ့ ၂၅.၉.၂၀၁၉ ဗုဒ္ဓဟူးနေ့ ညနေကစပျောက်သွားခဲ့တာပါ တွေ့မိသူ သတင်းကြားမိသူများအနေနဲ့ ဖုန်းနံပါတ် ၀၉၂၅၆၂၇၀၈၈၁ နဲ့ ၀၉၂၅၉၇၉၆၂၁၀ တို့ကို ကူညီအကြောင်းကြားပေးကြပါ မိဘများအရမ်းစိတ်ပူနေကြလို့ကူညီပေးကြပါရန်မေတ္တာရပ်ခံအပ်ပါတယ် နံမည်က အေးချမ်းမွန် Botany မေဂျာကပါ ကဖိုးတင်ကိုအကူအညီတောင်းခံလာလို့ပါ ကျနော့ဖုန်း ၀၉၇၉၄၀၀၉၅၅၀ ကိုလည်းဆက်သွယ်နိုင်ပါတယ်နော် ဒီ Post ကို ကူညီပြီးလဲ ရှယ်ပေးကြပါနော်”
ဒီကနေ့ မနက်ပိုင်းမှာတော့ ဆိုင်ကယ်ယူပြီး လူသတ်မှုကိုကျူးလွန်ခဲ့သူက ဝန်ခံထားကြောင်း Ko Ko Zin ဖေ့ဘုတ်အကောင့်မှ တင်ပြလာတာ တွေ့ရပါတယ်။

“ငွေနဲ့ ပတ်သက်ပြီး လူတစ်ချို့ရဲ့ အသိစိတ် ကင်းမဲမူက ကြောက်စရာအရမ်းကောင်းတယ် RIP ပါ ညီမလေး ChanMon ရေဆန်ကျွန်းဘုရား အောက်ခြေနားက သစ်ပင်အောက်မှာဖဲ လည်ပင်ညှစ် —-ကျင့်ပြီး နောက်ကျောကို ဓားတစ်ချက် အရှေ့ကို အကြိမ်ရေမျာစွား?အလောင်းကို မြစ်ထဲမျှောလိုက်တယ် လူသတ်ကောင်ကတော့ ဆိုင်ကယ်ကိုရောင်းပြီး အေးအေးဆေးဆေး ဘုရားဖူးနေနိုင်တယ်? Zan MinHtet. ညီမလေးကိုရက်ရက်စက်စက် သတ်ခဲ့တဲ့သူကို မိပါပြီ ။ဖြစ်လေရာဘဝ ဒီအဖြစ်ဆိုးတွေ ကင်းဝေးပါစေ ညီမလေး? ၁၀ရက်တောင် ပြည့်ခဲ့ပြီ ညီမလေးအလောင်းကို မြစ်ထဲ ရှာနေကြပြီ မြန်မြန်တွေ့ပါစေ ၊မနေ့က သစ်ခြောက်နားထိအိမ်ကလူတွေရော ရှာကူကြတယ် ဒီနေ့တော့ ကလေးဝဖက် ရှာနေကြတယ် ပြန်တွေ့ပါစေ? အားလုံးအတွက် သင်ခန်းစာပါပဲ ခုထိမယုံနိုင်သေးပေမဲ့ လူသတ်မဒိန်းကောင်က ဝန်ခံလိုက်ပြီ?”

အသတ်ခံရသူ ရဲ့ နီးစပ်ရာအသိုင်းအဝိုင်းမှလည်း ဒီပြစ်မှုကို ကျူးလွန်ပြီးနောက် ဈာန်မင်းထက်သည် ချစ်သူကောင်မလေးနှင့် ပုဂံကို ဘုရားဖူးသွားရောက်ခဲ့တာကြောင့် ကြံရာပါအဖြစ် သူရဲ့ ချစ်သူတို့လည်း ပါဝင်တယ်လို့ မှတ်ချက်ပေးထားတာတွေလည်း တွေ့နေရပါတယ်။