ငွေကြေး၊လာဘ်လာဘများဝင်အောင် ဆွမ်းတော်ကပ်နည်း

Last modified date

လုပ်ငန်းလုပ်နေရင်း ငွေမဝင်သူများ/ဆိုင်တွင် အရောင်းပါးနေသူများ/ကြွေးများပေးရန်ရှိသူ ရရန်ရှိသူများ/အိမ်တွင် လာဘ်ပိတ်၍ ထွက်ငွေက ဝင်ငွေထက်များနေသူများ လှူဒါန်းသင့်သော ကုသိုလ်ပြုနည်း ဖြစ်ပါတယ်။ဆွမ်းတော်တင်ရာတွင် အာရုဏ်ဆွမ်းကပ်လှူသည်မှာ အကောင်းဆုံးဖြစ်ပါသည်။လအလိုက် နံနက်အာရုဏ်တက်ချိန် မတူပါ။အချို့လများတွင် နံနက် ၄နာရီတက်ပြီး အချို့လများတွင် ၅နာရီမှ အာရုဏ်တက်သည်။ထို့ကြောင့် နံနက် ၅နာရီခွဲခန့်တွင် အာရုဏ်ဆွမ်းကပ်လျင် အကောင်းဆုံးဖြစ်ပါသည်။

ဆွမ်းတော်တင်လျင် သစ်သီးများကို အလုံးလိုက် မလှူရပါ။ ခွဲစိတ်ပြီး လှူပါ။မုန့်ထုပ်များကိုဖောက်ပြီး မုန့်များကို ပန်းကန်တွင်ကျနစွာ ထည့်လှူပါ။သောက်တော်ရေများ အအေးများကို ဘူးလိုက်ပုလင်းလိုက် လှူခြင်းထက် ဖန်ခွက်ထဲတွင် သေချာစွာထည့်၍ လှူဒါန်းပေးပါ။တနင်္ဂနွေသားသမီးများ – ကိတ်မုန့် ၃ချပ်၊ လိမ္မော်ရည် တစ်ဖန်ခွက်၊ ဖယောင်းတိုင် ၅တိုင်၊ အမွှေးတိုင် ၅တိုင်။

တနင်္လင်္ာသားသမီးများ – ဆွမ်းတစ်ပန်းကန်၊ ကြက်သားဟင်းတစ်ပန်းကန်၊ လိမ္မော်ရည်တစ်ခွက်၊ ဖယောင်းတိုင် ၃တိုင်၊ အမွှေးတိုင် ၃တိုင်အင်္ဂါသားသမီးများ – ပေါင်မုန့် ၃ချပ်၊ ဖရဲသီး၅စိပ်၊ ဖယောင်းတိုင် ၉တိုင်၊ အမွှေးတိုင် ၉တိုင်။ဗုဒ္ဓဟူးသားသမီးများ – လိမ္မော်သီး၃လုံး၊ ကော်ဖီတစ်ခွက်၊ ဖယောင်းတိုင် ၃တိုင်၊ အမွှေးတိုင် ၃တိုင်။

ကြာသာပတေးသားသမီးများ – ပေါက်ပေါက်ဆုပ် တစ်ပန်းကန်၊ ငှက်ပျောသီး ၃လုံး၊ ဖယောင်းတိုင် ၅တိုင်၊ အမွှေးတိုင် ၅တိုင်။သောကြာသားသမီးများ – ဆွမ်းတစ်ပန်းကန်၊ ငါးဟင်းတစ်ပန်းကန်၊ ဖယောင်းတိုင် ၉တိုင်၊ အမွှေးတိုင် ၉တိုင်။စနေသားသမီးများ – လက်ဖက်ရည် အချိုတစ်ခွက်၊ ပန်းသီး ၂လုံး၊ ဖယောင်းတိုင် ၇တိုင်၊ အမွှေးတိုင် ၇တိုင်။အာရုဏ်ဆွမ်းကပ်လှူပြီးလျင် မိမိတို့ရွတ်ဆိုနေကျ ဘုရားစာများရွတ်ဆိုပါ။

ပုတီးစိပ်ပါ။ အမျှပေးဝေပါ။ထို့နောက် မိမိတို့ဖြစ်ပေါ်နေသော အခက်အခဲများ ပြေလည်စေရန် ဆုတောင်းပါ။ရက်ပိုင်း လပိုင်းအတွင်း ငွေကြေးလာဘ်လာဘများ ဝင်ရောက်၍ စီးပွားတက် လာဘ်ရွှင်လာပါလိမ့်မည်။

source မူရင်းရေးသားသူ

Facebook Comments

Admin