ခင်လှိုင်ရဲ့ စနောက်မှုကြောင့် စင်ကာပူကနေ ဆန်ပြုတ်ကို ပါဆယ်ဝယ်ခဲ့ရတဲ့ အေးမြတ်သူ

Last modified date

အနုပညာမောင်နှမတွေဆိုတာ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီနဲ့ တစ်ဦးကိုတစ်ဦး ကူညီရိုင်းပင်းရင်း၊ တကယ့်မောင်နှမအရင်းတွေလို အောင်မြင်မှုအတွက် ကြိုးစားနေကြတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဝါရင့်သရုပ်ဆောင်ကြီး ခင်လှိုင်က ချစ်ရတဲ့ ညီမလေး အေးမြတ်သူရဲ့အကြီးအပေါ် သိတတ်မှုနဲ့ လေးစားမှုရှိလွန်းတဲ့အကြောင်းလေးတစ်ခုကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အေးမြတ်သူ ဖားဆန်ပြုတ်စားပြတဲ့ ပုံရိပ်တွေအောက်မှာ ခင်လှိုင်က ပါဆယ်ဝယ်ခဲ့လို့ စနောက်ခဲ့တာဖြစ်ပြီး၊ အေးမြတ်သူက သတိတရနဲ့ ပါဆယ်ဝယ်ခဲ့တဲ့အပြင် အိမ်ရှေ့အထိတောင် လာပို့ပေးသွားတာကြောင့် ခင်လှိုင်တစ်ယောက် အရမ်းပျော်နေတာပါနော်။

ချစ်ပရိသတ်တွေအတွက် အရမ်းကို ချစ်ဖို့ကောင်းတဲ့ ညီမလေး အေးမြတ်သူကြောင့် ပျော်ခဲ့ရတဲ့ ခင်လှိုင်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ခင်လှိုင်ကတော့ “ချစ်စရာကောင်းလိုက်တဲ့ ချစ်ညီမလေး အေးမြတ်သူ နေ့လည်က ဖါးဆန်ပြုတ် စားနေတာလေးတင်ထားတော့ ဆရာစံရေပါဆယ်ဆွဲးခဲ့လို့စလိုက်တာ ခုရန်ကုန်ပြန်ရောက်လို့လေယဉ်ပေါ်ကဆင်းတာနဲ့ ဖုန်းဆက်ပြီးကျွန်တော်အိမ်ရှေ့အရောက်လာပို့သွားတယ် ကျွန်တော်အစာအိမ်နာနေလို့ သိပ်နေမကောင်းတာနဲ့ထမင်းတောင်သိပ်မစားဖြစ်တဲ့အချိန်လေးမှာ ခုလိုစားချင်တာလေးသတိတရနဲ့ဝယ်လာပေးတာ ပျော်လိုက်တာ ကျေးဇူးအများကြီးတင်ပါတယ် အနုပညာမောင်နှမတွေအပေါ် အမြဲးလေးစားချစ်ခင်တတ်တဲ့ ချစ်ညီမလေး အေးမြတ်သူ”ဆိုပြီး ချစ်ရတဲ့ ညီမလေးရဲ့စေတနာကြောင့် ပျော်ရွှင်ခဲ့ရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

ခင်လှိုင်ကတော့ အေးမြတ်သူကို ဆရာစံလို့ ချစ်စနိုးလေး ခေါ်တာတွေ့ရပြီး၊ စကားပြောပုံကြည့်ရတာ အနုပညာမောင်နှမနှစ်ယောက် ဘယ်လောက်ထိ ခင်မင်ကြလဲဆိုတာ သိနိုင်ပါတယ်နော်။

ဟာသသရုပ်ဆောင်တစ်ဦးအနေနဲ့ ပရိသတ်တွေ အရမ်းကြိုက်နှစ်သက်ကြတဲ့ ခင်လှိုင်ကတော့ ဒရာမာ ရုပ်ရှင်တွေမှာလည်း ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်သူတစ်ဦးပါ။ ချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်ဖို့ကောင်းတဲ့ ဆက်ဆံရေးရှိတဲ့ အေးမြတ်သူနဲ့ ခင်လှိုင်တို့ အနုပညာမောင်နှမနှစ်ယောက်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Credit-Momolay

Facebook Comments

Admin