စက်သုံးဆီဈေး တစ်ပတ်အတွင်း တစ်လီတာလျှင် ကျပ် ၃၀ ခန့် ဈေးကျ
ကမ္ဘာ့ရေနံဈေးကျဆင်းမှုကြောင့် သီတင်းတစ်ပတ်အတွင်း စက်သုံးဆီဈေး တစ်လီတာလျှင် ကျပ် ၃၀ ခန့် ကျဆင်းကြောင်း စက်သုံးဆီဆိုင်များထံမှ သိရသည်။ကမ္ဘာ့ရေနံဈေးသည် စက်တင်ဘာ ၃ ရက်မှ တစ်လအတွင်း အနိမ့်ဆုံး ရေနံတစ်စည်လျှင် ၅၂ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး ရာခိုင်နှုန်းအနေနှင့် ၁၄ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း ကမ္ဘာ့ရေနံဈေးနှုန်းများအရ သိရသည်။
ပြည်တွင်းစက်သုံးဆီဈေးသည် စက်တင်ဘာလ ၂၆ ရက်နေ့မှစတင် ငြိမ်သက်ခဲ့ပြီး အောက်တိုဘာ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ တစ်လီတာလျှင် ကျပ် ၃၀ ဝန်းကျင်အထိ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း စက်သုံးဆီဈေးနှုန်းများအရ သိရသည်။
စက်သုံးဆီဈေးသည် လက်ရှိတွင် ဓာတ်ဆီဈေးမှာ ၉၂ တစ်လီတာလျှင် ၈၂၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၉၁၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၉၂၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာလျှင် ၉၃၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း စက်သုံးဆီဈေးနှုန်းများအရ သိရသည်။
ဆော်ဒီအာရေဗျနိုင်ငံမှ ရေနံတွင်းများ တိုက်ခိုက်ခံရမှုကြောင့် စက်သုံးဆီ ဈေးများ စက်တင်ဘာ ၆ ရက်နေ့မှ စတင်ကာ မြင့်တက်ခဲ့ပြီး ဈေးနှုန်း ၁၃ ရာခိုင်နှုန်းနှင့် စက်သုံးဆီများမှ တစ်လီတာလျှင် ၇၀ ဝန်းကျင်အထိ မြင့်တက်ရာမှ ပြန်လည်ကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဈေးနှုန်းများအရ သိရသည်။
Credit-The Voice