မြမြရုပ်ရှင်ဇာတ်ကားမှာ ပါဝင်မရိုက်ဖြစ်တော့တဲ့ အကြောင်းအရင်းကို ပြောပြလာတဲ့ ဖြိုးမြတ်အောင်

ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်းတစ်ရက်မှာ လူမှုကွန်ယက်တွေမှာ မြမြဆိုတဲ့ မိန်းကလေး တစ်ဦးအကြောင်း ပျံနှံ့ခဲ့ပါတယ်။ တောင်ဒဂုံ လိုင်စင်ရုံနားလေးမှာ မိန်းကလေး တစ်ဦးကို ဝင်ပူးပြီး သူမဟာ အဓမ္မပြုကျင့်ခံရပြီး သေဆုံးကြောင်းကို ပြောပြခဲ့ပါတယ်။ ပြီးတော့ သူမအတွက် အမှန်တရားကို ဖော်ထုတ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သတ်ပြီး လူမှုကွန်ယက်တွေအမျိုးမျိုး ပွတ်လောရိုက်ခဲ့တာတော့ အမှန်ပါပဲ။ မကြာသေးမှီက ဒါရိုက်တာ ညိုမင်းလွင်ဟာ မြမြနဲ့ ပတ်သတ်ပြီး ရုပ်ရှင် တစ်ကားးကို ဖန်တီးမယ့်အကြောင်းကို ပရိတ်သတ်တွေ ကို ထုတ်ဖော်ပြောပြခဲ့ကြပါတယ်။ ဒီကားလေးမှာ မြမြအဖြစ် သင်ဇာဝင့်ကျော် သရုပ်ဆောင်မယ်ဆိုတော့ ပိုပြီး ပရိတ်သတ်တွေ စိတ်ဝင်စားခဲ့ကြတာအမှန်ပါပဲ။

ဒီရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်မယ့် အဓမ္မပြုကျင့်သူ နေရာကိုလည်း ရွေးချယ်ပွဲလုပ်ခဲ့ပါတယ်သေးတယ်။ ဒီပွဲလေးမှာ ပရိတ်သတ်တော်တော်များများ စိတ်ဝင်စားခဲ့ရပြီး လူမှုကွန်ယက်တွေမှာ အတော့်ကို ပျံနှံ့ခဲ့ပါတယ်။ သူရုပ်ဆောင် ရွေးချယ်ပွဲဖြစ်လို့ ဝင်ရောက်ယှဉ်ပြိုင်သူတွေရဲ့ ပုံရိပ်တွေဟာလည်း အသက်ပါတာကြောင့်၊ ပရိတ်သတ်ကြီးအနေနဲ့ လက်မခံနိုင်တဲ့ အမှုအရာတွေပါတယ်ဆိုပြီး ဝေဖန်မှုတွေလည်း မြင့်တက်ခဲ့ရပါတယ်။

ဒ့ါအပြင် ခေါင်းဆောင်မင်းသားဟာ myanmar idol season 3 winner ဖြစ်တဲ့ ဖြိုးမြတ်အောင်လို့ ကြော်ငြာလိုက်ချိန်ဟာ ပရိတ်သတ်ကြီးလုံးဝ ထင်မှတ်မထားတာ ဖြစ်လို့ အံသြခဲ့ကြရပါသေးတယ်။ ဖြိုးမြတ်အောင်ဟာ ဒီကားလေးနဲ့ပတ်သတ်ပြီး အခုလို အဓမ္မပြုကျင့်သူတွေကို ပပျောက်စေချင်တယ်ဆိုတဲ့ ဆန္ဒနဲ့ ဒီကမ်းလှမ်းမှုကို လက်ခံခဲ့တာလို့ ဆိုပါတယ်။ အခုဆိုရင် မြမြရိုက်ရှင်ဇတ်ကားကြီးအတွက် ကန်တော့ပွဲတောင် လုပ်ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖြိုးမြတ်အောင်ဟာ ဒီရုပ်ရှင်ကားနဲ့ ပတ်သတ်ပြီး ဆက်လက် ရိုက်ကူးမှုတွေ မပြုလုပ်တော့ဘူးလို့ ဆိုပါတယ်။

ဖြိုးမြတ်အောင်ဟာ သရုပ်ဆောင်အနုပညာကို လုပ်ဆောင်မယ်ဆိုရင် သူဝါသနာပါတဲ့ သီချင်းတွေကို အာရုံစိုက်မှု နည်းသွားမှာစိုးတယ်လို့လည်း ဆိုပါတယ်။ ငယ်ငယ်ကတည်း အိပ်မက်ဟာ အဆိုတော်ဖြစ်ဖို့ အတွက်သာဖြစ်တာကြောင့် အဆိုတော်လိုင်းကိုသာရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။ ဖြိုးမြတ်အောင်ကို ချစ်တဲ့ ပရိတ်သတ်ကြီးအနေနဲ့ ဒီကားကို လက်လွှတ်လိုက်လို့ စိတ်မကောင်းဖြစ်မယ်လို့ မထင်ပါဘူး၊ ဝမ်းသာနေမှာ သေချာပါတယ်။ ဒီကားအတွက် သိပ်တောင် အားမပေးကြဘူးလို့ ဆိုပါတယ်။ကဲ ပရိတ်သတ်ကြီးရေ ဖြိုးမြတ်အောင် တစ်ယောက် ဒီကားကို မရိုက်ဖြစ်တော့တဲ့အတွက် ဝမ်းသာကြမလား၊ စိတ်မကောင်းဖြစ်ကြမလားဆိုတာ ဖြေခဲ့ကြဦးနော်။

Credit-စွယ်စုံ

Facebook Comments