မြန်မာငွေ သိန်း (၁၃၀) ကျော်တန်ဖိုးရှိတဲ့ တယောကို လိုချင်လို့ ဖေဖေ့ကိုပူဆာနေတဲ့ ခီမောင်နှံရဲ့ သားလေး

Last modified date

မြန်မာဇာတ်ကားကောင်းတွေကို အရည်အသွေးမှီမှီနဲ့ ရိုက်ကူးပြနိုင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အချိန်တိုအတွင်းရရှိလာခဲ့ တဲ့ ခီမောင်နှံကတော့ တတိယမြောက်ဇာတ်ကားဖြစ်တဲ့ ” Now & Ever (ထာဝရနှောင်ကြိုး) ” ဇာတ်ကားရုံတင်မပြသခင်မှာပဲ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှု တွေကို အထပ်ထပ်လုပ်နေတာပဲဖြစ်ပါတယ်။ ဇာတ်ကားတစ်ကားလုံးမှာပါသမျှဇာတ်ဝင်ခန်းတိုင်းကို အသေးစိတ် သေချာပြင်ဆင်ခဲ့ပြီး အရမ်းကိုဂရုတစိုက်ကြိုးစားခဲ့တာကြောင့် ပရိသတ်တွေကလည်း အရမ်းကိုကြည့်ချင်နေပါပြီ။

ပျော်စရာကောင်းတဲ့မိသားစုလေးမှာ ချစ်ဖို့ကောင်းတဲ့သားလေး နိုဝါကိုပိုင်ဆိုင်ထားပြီး အေးချမ်းတဲ့မိသားစုဘဝလေးကို တည်ဆောက် ထားကြသူတွေပါ။ ဒီနေ့မှာတော့ သားလေးနိုဝါတစ်ယောက် ဇာတ်ဝင်ခန်းမှာပါဝင်တဲ့သီချင်းလေးကို ကိုယ်တိုင်တီးခတ်ပြီးပါဝင် အားဖြည့်ထားတဲ့ တယောဆရာ ကိုစောဝင်းမောင်ရဲ့တီးခတ်မှုကို ဘေးကနေကြည့်ပြီး တယောလေးကို သဘောတွေကျနေခဲ့ပါတယ်။

သားလေးရဲ့အပြုအမူတွေကိုကြည့်ပြီး မေမေတစ်ယောက် ” လိုချင်နေရှာတာ Euro ၈၀၀၀ ဆိုတော့ သူ့အဖေမှာ ရင်တမမ We miss you so much par အသည်းတုံးလေးရယ် ” ဆိုပြီး သဘောတကျနဲ့ တင်ထားတာပဲဖြစ်ပါတယ်။ ယူရို (၈၀၀၀) ဆိုတော့ မြန်မာငွေနဲ့ဆို သိန်း (၁၃၀) ကျော် ဝန်းကျင် လောက်ကျသင့်မှာပါပရိသတ်ကြီးရေ။ ဈေးကမနည်းဘူးဆိုတော့ ဖေဖေမျက်ခုံးလှုပ်လဲ လှုပ်ချင်စရာပဲပေါ့နော်။

Facebook Comments

Admin