သိန်း(၁၀၀၀) ထီပေါက်မဲအရှုပ်တော်ပုံ ယခုလ(၈)ကြိမ်မြောက်အောင်ဘာလေထီဆုမဲသိန်း(၁၀၀၀)ဆုမဲ ကခ – ၁၂၃၅၉၃ ကို ကျွန်မတို့ပေါက်ခဲ့ပါသည်

Last modified date

ယခုလ(၈)ကြိမ်မြောက်အောင်ဘာလေထီဆုမဲသိန်း(၁၀၀၀)ဆုမဲ ❗️ကခ – ၁၂၃၅၉၃ ❗️ကိုကျွန်မတို့ပေါက်ခဲ့ပါသည်။ကျွန်မတို့သည် ယခုနံပါတ်ကို (၂၉.၉.၂၀၁၉)သူငယ်ချင်းဖြစ်သူ၏ကိုယ်စားလှယ် အမထံမှဝယ်ယူအားပေးခဲ့ပါသည်။ online မှတဆင့်ဝယ်ယူအားပေးသည့်အတွက် ထီလက်မှတ်မှာ ကျွန်မတို့၏လက်ထဲတွင်မရောက်လာသေးသော်လည်း ငွေကိုသူငယ်ချင်းထံသို့ပေးချေပြီးဖြစ်ပါသည်။

(၃၀.၉.၂၀၁၉) ရက်နေ့တွင် သူငယ်ချင်းဖြစ်သူမန္တလေးလာလျှင် ယူလာခဲ့ပါရန်မှာကြားထားသောကြောင့် သူငယ်ချင်းဖြစ်သူသည် သူ၏ကိုယ်စားလှယ်အမထံသို့ ထီလက်မှတ်သွားရောက်တောင်းယူချိန်တွင် အလုပ်ကိစ္စများအကြောင်းပြပြီး မပေးခဲ့ပါ။(၁.၁၀.၂၀၁၉) ရက်နေ့တွင်ထီ ပေါက်စဉ်တိုက်ချိန်တွင်ကျွန်မတို့၏ ထီလက်မှတ်မှာ❗️သိန်း(၁၀၀၀)❗️ပေါက်မဲနံပါတ်ဖြစ်နေသောကြောင့် ဝမ်းသာအားရဖြင့်ဆက်သွယ်ရာတွင် ကိုယ်စားလှယ်အမသည် ကျွန်မတို့၏ပေါက်မဲလက်မှတ်ကိုထုတ်မပေးတော့ပဲ သူအပိုင်လုပ်ယူလိုက်ပါသည်။

ကျွန်မတို့တွေ ကိုယ်စားလှယ်အမရှိရာအရပ်သို့ သွားရောက်ညှိနှိုင်းချိန်တွင် အမျိုးမျိုးသောအကြောင်းပြချက်များနှင့် အဆင်မပြေခဲ့ပါ။ ကျွန်မတို့ထံတွင် သက်သေအထောက်ထားအစုံအလင်ရှိပါလျှက်နှင့် ဘာကြောင့်များ မတရားသဖြင့်ခံခဲ့ရပါသလဲ?(ယခုအဖြစ်ပျက်များသည် အမှန်တကယ်လက်ရှိဖြစ်ပေါ်နေသောအကြောင်းအရာများဖြစ်ပါသည်)ကျွန်မတို့ရဲ့ ကံကကောင်းတာလား?ကံကဆိုးတာလား??သူများရဲ့ကံတရားနဲ့ပေါက်ခဲ့တဲ့ငွေကြေးများစွာနှင့် ယခု မိသားစုပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင်??

ကျေးဇူးပြု၍ ဒီ video file လေးကိုနားထောင်ကြည့်ပေးကြပါရှင်..??

Credit-Zin Zin

Facebook Comments

Admin