ဓားဖြင့်ထောက်၍ လက်နောက်ပြန်ကြိုးတုပ်၊ မျက်လုံးနှင့်ပါးစပ်အား အဝတ်စဖြင့်ပိတ်ဆို့ပြီး သားမယားအဖြစ် ပြုကျင့်ကာ လုယက်မှုကျူးလွန်သူအား ဖမ်းဆီး

Last modified date

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ ၀၃၀၅ အချိန် ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်းသို့ မ××××(၂၅) နှစ်က လာရောက်တိုင်တန်း၍ ၎င်းအား သားမယားအဖြစ်ကျူးလွန်သူ(စိစစ်ဆဲ)အား ပတ္တာနယ်မြေရဲစခန်း (ပ)၁၀၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၅၅/၃၄၂/၃၇၆/၃၉၄ (နာကျင်စေရန်ပြင် ဆင်၍ ပုန်းလျိုးအိမ်ကျော်နင်းမှု၊ မတရားချုပ်နှောင်မှု၊ မုဒိမ်းမှု၊ လုယက်မှုကျူးလွန်ရာတွင် မိမိအလို အလျောက် နာကျင်စေမှု)ဖြင့် အမှုဖွင့်စုံစမ်းခဲ့ပါသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂ ရက်နေ့ ၁၈၀၀ အချိန် ၎င်းသည် အတူနေ သူငယ်ချင်း ဖြစ်သူနှင့်အတူ ကုမ္ပဏီမှနေအိမ်သို့ ပြန်လာခဲ့ကြောင်း၊ နေအိမ်ရှေ့အရောက်၌ သူငယ်ချင်းဖြစ်သူမှာ ကျူရှင်သင်ရန် ထွက်သွားသဖြင့် နေအိမ်တံခါးသော့ဖွင့်၍ အိမ်အတွင်း ဝင်ရောက်စဉ် အသင့်ရောက်ရှိ နေသည့် မျက်နှာအား ပုဆိုးခြုံထားသော အမျိုးသား ၁ ဦး (စိစစ်ဆဲ)က ၎င်း၏လည်ပင်းအား နောက်မှ သိုင်းဖက်ကာ ဓားဖြင့်ထောက်၍ လက်နောက်ပြန်ကြိုးတုပ်ခဲ့ကြောင်း၊ ၎င်းနောက် မျက်လုံးအား ပိတ်စ ဖြင့်ပိတ်၍ ပါးစပ်အား အဝတ်စဖြင့်ပိတ်ဆို့ပြီး သားမယားအဖြစ် ၂ ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ ထိုသို့ ပြုကျင့် ပြီးနောက် ၎င်း၏ပိုက်ဆံအိတ်အတွင်းမှ ငွေ ၁၀၀,၀၀၀ ကျပ်ခန့်နှင့် OPPO A-7 အမျိုးအစား ငှက်ခါးစိမ်းရောင် လက်ကိုင်ဖုန်း ၁ လုံးအား ဆင်းကဒ်များဖြုတ်၍ ယူဆောင် ထွက်ပြေးသွားသဖြင့် အမှုဖွင့်တိုင်တန်းခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါအမှုတရားခံ ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းရှာဖွေရာ ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ ဖုန်းပြင်ဆိုင်၌ တရားခံယူဆောင်သွားသည့် OPPO A-7 လက်ကိုင်ဖုန်းအား လူငယ် ၁ ဦးမှ လျှို့ဝှက်ကုဒ်နံပါတ်ဖြုတ်ပေးရန် လာရောက်အပ်နှံထားကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်စောင့်ဆိုင်းခဲ့ရာ အဆိုပါဖုန်းအား လာရောက်ရွေးယူသူ ရဲမွန်ချစ် (ခ) မိုးဒီ (၂၄) နှစ်အား ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းအား စစ်မေးရာ အခင်းဖြစ်နေအိမ်ခြံဝန်းအတွင်းသို့ ခြံစည်းရိုးသံဇကာအား ကျော်တက်၍ ဝင်ရောက်ခဲ့ကြောင်း၊ ၎င်းနောက် လှေကားအတိုင်း အိမ်အပေါ်သို့ တက်ရောက်ခဲ့ပြီး အိမ်ပေါ်ထပ်ရှိ ထရံအားလက်ဖြင့် ဆွဲဖြုတ်ကာ အိမ်အတွင်းသို့ ဝင်ရောက်၍ မ×××× ပြန်လာမည့်အချိန်အား စောင့်ဆိုင်း နေခဲ့ကြောင်း၊ မ××××မှာ နေအိမ်အတွင်းသို့ ဝင်ရောက်လာစဉ် နောက်မှသိုင်းဖက်ပြီး အသင့်ယူဆောင် လာသည့် ဓားချွန်ဖြင့် ထောက်ကာ ဘုရားစင်အနီးရှိ မွေ့ယာပေါ်သို့ခေါ်ဆောင်၍ ဝမ်းလျား မှောက်ခိုင်း ပြီး လက်နှစ်ဖက်အား ကြိုးဖြင့်တုပ်ခဲ့ကြောင်း၊ ၎င်းနောက် မျက်လုံးအား ပိတ်စဖြင့်ပိတ်၍ အနီးရှိ အမျိုး သမီးဝတ်လက်ရှည် အင်္ကျီဖြင့် ပါးစပ်အား ပိတ်ဆို့ပြီး သားမယားအဖြစ် ၂ ကြိမ် ပြုကျင့်ခဲ့ပြီး မျက်နှာတွင် စည်းထားသည့် ပိတ်စအား ဖြုတ်ပေးခဲ့ကြောင်း၊ ပြီးနောက် ပိုက်ဆံအိတ်အတွင်းမှ ငွေ ၁၀၀,၀၀၀ ကျပ်ခန့်နှင့် OPPO A-7 လက်ကိုင်ဖုန်းအား ယူဆောင်၍ လာရာလမ်းအတိုင်း ပြန်ထွက်ခဲ့ကြောင်း ဝန်ခံထွက်ဆိုသဖြင့် ၎င်းအား ဥပဒေနှင့်အညီ တရားစွဲတင်ပို့ရန် စီစဉ်ထားရှိကြောင်း သတင်းရရှိ ပါသည်။

Credit-အကုန်သိ

Facebook Comments

Admin