ရုပ်ရှင်ရိုက်ကွင်းကြည့်ရင်း စိတ်ကျန်းမာရေးဆေးရုံမှာ အလှူငွေတွေ လှူဒါန်းခဲ့တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်
နာမည်ကြီး အနုပညာရှင်စုံတွဲဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်ဟာ ပရိသတ်တွေချစ်တဲ့အနုပညာရှင်နှစ်ဦးပါပဲ။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်ဟာ အနုပညာနယ်ပယ်မှာ အသီးသီးအောင်မြင်သူတွေဖြစ်ပြီး အကယ်ဒမီဆုများရှင်တွေလဲဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းမွန်ပြီး ပါဝင်ရတဲ့ ဇာတ်ရုပ်ကာရိုက်တာအတိုင်း လိုက်ပါစီးမြောပြီး အကောင်းဆုံးကြိုးစားအားထုတ်နိုင်သူများလဲဖြစ်ပါတယ်။
ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်က လက်ရှိမှာတော့ သူတို့ရဲ့ “သုဒြာ” ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ် ရိုက်ကူးမယ့် “ငရဲဆိုချိုနဲ့လား” ရုပ်ရှင်ဇာတ်ကားကြီးအတွက် ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့က “”ငရဲဆိုချိုနဲ့လား” ရုပ်ရှင်ဇာတ်ကားအတွက် သွားရောက်လေ့လာရင်း စိတ်ကျန်းမာရေးဆေးရုံကြီးကို အလှူငွေလှူတန်းခဲ့ပါတယ်။” ဆိုပြီး သူတို့ရဲ့ အလှူလေးအကြောင်းကို မျှဝေထားပါတယ်။
ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်ကတော့ ကောင်းမှုကုသိုလ်တွေ လုပ်ရင်း ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံရဲ့ အလှူလေးကို သာဓုခေါ်နိုင်ကြပါစေနော်။ မိုမိုလေး