လှူဒါန်းမှုအစုစုတို့အား ပရိသတ်များအားလုံးကို အမျှပေးဝေခဲ့တဲ့ နေတိုး

Last modified date

ပရိသတ်တွေ ချစ်ကြတဲ့ မင်းသားချောနေတိုးက သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို တိတိကျကျ အပိုအလိုမရှိ သရုက်ဆောင်နိုင်တဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ အနုပညာလမ်းမပေါ်မှာ အောင်မြင်စွာ ရပ်တည်နေတဲ့ နေတိုးကအခုဆိုရင် အကယ်ဒမီဆုကြီး သုံးဆုကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ နေတိုးကို အားပေးကြတဲ့ ပရိသတ်တွေကလည်း အမြို့မြို့အနယ်နယ်မှာ အများအပြား ရှိနေတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၄)ရက်နေ့နဲ့ (၅) ရက်နေ့တို့မှာ “နှင်းဆီလှေ” ဆိုတဲ့ ရေဘေးသင့်ပြည်သူများ ပြည်လည်ထူထောင်ရေး ရန်ပုံငွေ အငြိမ့်သဘင်ကြီး ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။

“နှင်းဆီလှေ” အငြိမ့်သဘင်ကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အပေါ် နေတိုးက “လှူဒါန်းမှုအစုစုတို့အား ပရိသတ်များအားလုံးကို အမျှပေးဝေပါတယ်။ အမျှရ၍ သာဓုခေါ်နိုင်ကြပါစေ ခင်ဗျာ ထာဝရပါ။” ဆိုပြီး ပြောထားပါတယ်။

ဘယ်လိုတွေတောင်လဲ နေတိုးရယ်???

လှူဒါန်းကြတဲ့ အလှူရှင်တွေနဲ့တကွ သူ့ရဲ့ ချစ်ပရိသတ်တွေကို အမျှဝေထားတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Credit-မိုမိုလေး

Facebook Comments

Admin