မြန်မာပြည် အတွက် ဇော်ဂျီ ပြန်လာ မှာ ပါ လို့ပြောလိုက်တဲ့ ဦးဇေယျာကို (နက္ခတ်ဗေဒ ပညာရှင် )

Last modified date

ဇော်ဂျီ ဖယ်ရှားမှု ဟာ တဒင်္ဂပါ ယူနီကုတ်စပေါ် ကတည်းက ကျွန်တော်တို့ သုံးခဲ့ ကြ ပါတယ် အတော်လို အပ်ချက်များ ပါတယ် ဖန်တီးမှုတွေ ညံ့ခဲ့တယ်ပေါ ညံ့လို့လည်း သူ့ ကို ပါယ်ပြီး ဇော်ဂျီ ကို သုံးခဲ့ကြတာပေါ့ ပြောရရင် အဆင်မပြေ ဘူးပေါ့ဗျာဒီအချိန်မှာ ဇော်ဂျီက ယူနီကုဒ် အားနည်းချက်တွေကို ပြင်ဆင်ပြီး မြန်မာပြည်တစ်ခုလုံးအတွက် အသုံးအ၀င်ဆုံး ဖေါင့်တစ်ခု ဖြစ်လာခဲ့ပါတယ် တစ်ကယ်တော့ မြန်မာတွေ ဗျာ

မြန်မာ ပီသတဲ့ စိတ်ရှိရင် ကျွန်တော်တို့ ဇော်ဂျီကိုပဲ လက်တွဲခေါ်ဆောင်ပြီး စံနှုန်းပြည့်ဖေါင့်တစ်ခုဖြစ်အောင် ဖန်တီးရမှာပါ အများသုံးနေတဲ့ ဖေါင့်ကို စံနှုန်းပြည့်ဖြစ်အောင် ပုံဖော်ကြရမှာပါအရင် ဇော်ဂျီကို ရှုံးခဲ့သူက ရှုံးကြွေးဆပ်ပြီး အနိုင်ယူတယ်ပေါ့ တစ်ချိန်က ယူနီဆိုတာ ကျွန်တော့်တို့အဖက် မလုပ်ခဲ့ လူရာမသွင်းခဲ့သလိုပဲ ယူနီက သူနိုင်တဲ့အချိန်

ဇော်ဂျီကို အမှိုက်ပုံးထဲ ရောက်အောင် အမြစ်ဖြုတ်တိုက်တဲ့ ပွဲသိမ်းတိုက်ပွဲပါပဲ ဇော်ဂျီကို မြန်မာလူထုကြားထဲမှာ ကွယ်ပျောက်သွားအောင် ဖန်တီးကြပြီပေါ့မြန်မာပြည်မှာ ကိုယ်ကောင်းစားရေး.. ကိုယ်သမိုင်းတင်ခံရရေး ကိုယ် နေရာရရေးကို ရှေ့တန်းတင်သူတွေများလှပါတယ် ကိုယ်နေရာ ရဖို့အတွက် သူများကို ထိုးချတွန်းချဖို့လည်း ၀န်မလေးတတ်ပါဘူး မြန်မာပြည်အတွက် တိုင်းပြည်အမည်ပြောင်းမယ်ဆိုရင် မြန်မာကို ချန်ထားလို့မရဘူး ပါကို ပါရမယ် ဒီလိုပါပဲ ဇော်ဂျီတို့ ဖိုးဝတို့က မြန်မာ့ဇာတိမာန်ကိုယ်စားပြုတဲ့ သင်္ကေတတွေ

ဇော်ဂျီဆိုတာ ဘာသာ၊သာသနာတော်အတွက် စောင့်ရှောက် ကြသူတွေအဖြစ် မြန်မာ့သမိုင်းမှာ နေရာယူထားခဲ့ကြတာပါ ဇော်ဂျီကွယ်ပျောက်တာဟာ မြန်မာကွယ်ပျောက်ဖို့ လားလို့ မေးစရာသံသယတွေ အများကြီးပေါ့ဒါပေမယ့် မပူပါနဲ့.. ဇော်ဂျီခဏကွယ်ပျောက်သွားပေမယ့် ဇော်ဂျီပြန်လာမှာပါ မြန်မာလူမျိုးလို့ ကိုယ့်ကိုကိုယ်တန်ဖိုးထားရင် ဇော်ဂျီဟာ ကျွန်တော်တို့ နိုင်ငံ၊ကျွန်တော်တို့ မြန်မာအတွက် မိတ်ဖက်ပါ ဇော်ဂျီဟာ တန်ဖိုးကြီးကြီးမားမားနဲ့ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေထံ ပြန်လာမှာပါ

မြန်မာလူမျိုးတစ်ဦးအနေနဲ့ ဇော်ဂျီကို အလေးအမြတ်ထားမလား စွန့်ပစ်လိုက်မလားအမျိုးသားရေးစကားလုံးကြီးတွေ ပြောချင်လည်း ပြောနိုင်တာပေါ့လေလူတိုင်း ကြိုက်တာကို ရွေးချယ်ခွင့်ရှိနေဦးမှာပါ မကြာခင် မြန်မာပြည်နဲ့ မြန်မာလူမျိုးတွေအတွက် ဇော်ဂျီပြန်လာမှာပါ

Credit-SNM

Facebook Comments

Admin