Wisdom Hill ကျောင်းကြီးကြပ်ရေးမှူးက အောင်ကြီး၏ရှေ့နေအား တရားစွဲဆိုမှုတွင် နှစ်ဘက်စလုံးမှ ကြေအေးလိုသည့် ဆန္ဒမရှိသည့်အတွက် လာမည့်ရုံးချိန်းတွင် စတင်စစ်ဆေးမည်

Last modified date

Wisdom Hill ကျောင်းကြီးကြပ်ရေးမှူးက အောင်ကြီး၏ ရှေ့နေအား တရားစွဲဆိုမှုတွင်နှစ်ဘက်စလုံးမှ ကြေအေးလိုသည့် ဆန္ဒမရှိသည့်အတွက် လာမည့်ရုံးချိန်းတွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း ပုဗ္ဗသီရိမြို့နယ် တရားရုံးမှ သိရသည်။

ယင်းကြောင့်အမှုအား အောက်တိုဘာ ၂၁ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ပြီး ယင်းနေ့တွင် အမှုအား စတင်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ဗစ်တိုးရီးယားအမှုတွင် အောင်ကြီးဘက်မှ လိုက်ပါဆောင်ရွက်သည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်ကို Wisdom Hill ကျောင်းကြီးကြပ်ရေးမှူး ကိုကို၊ ညီညီ၏ မိခင် ဒေါ်ဥမ္မာလှိုင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာပုဒ်မဖြင့် တရားစွဲဆိုထားပြီး အာမခံရရှိထားသည်။

ကိုကို၊ ညီညီ၏ မိခင်ဖြစ်သူ Wisdom Hill ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်အား ပတ္တာနယ်မြေရဲစခန်းတွင် ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ခဲ့သော်လည်း ဥပဒေအကြံပေး၏ မှတ်ချက်ဖြင့် တရားရုံးသို့ ပုဒ်မတစ်ခုဖြင့်သာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

Credit-EMG

Facebook Comments

Admin