လက်ပံပျားကြက်ကြော်တွေကို အားပေးပြီး ဈေးသည်တွေကို ပျော်ရွှင်စေခဲ့တဲ့ နန္ဒာလှိုင် ရဲ့ Video
နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချော နန္ဒာလှိုင် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပါ။ သူမသရုပ်ဆောင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားများစွာရှိတာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။ အောင်မြင်မှုများစွာ ရရှိပိုင်ဆိုင်ခဲ့တဲ့ သူမက ခုဆိုရင် သူမချစ်တဲ့ မိသားစုလေးနဲ့ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပရိသတ်ကြီးအတွက် နန္ဒာလှိုင် ကလက်ပံပျားကြက်ကြော်တွေကို အားပေးခြင်းဖြင့် ဈေးသည်တွေကို ပျော်ရွှင်စေခဲ့တဲ့video file လေးကို ဖော်ပြပေးလိုက်ပါတယ်။
နန္ဒာလှိုင် တို့မိသားစုလေး က ပရိသတ်တွေအားကျ ချစ်ခင်ရတဲ့ မိသားစု ဖြစ်သလို ချစ်စရာကောင်းတဲ့ သမီလေးတွေကလည်း ပရိသတ်တွေ ရဲ့ အချစ်ကို ပိုင်ဆိုင်ထားကြတာပါ။ မိသားစု ရဲ့ ပုံရိပ်ကလေးတွေကိုလည်း ချစ်တဲ့ ပရိသတ်တွေအတွက် ဖော်ပြပေးလေ့ရှိပါတယ်။
သရုပ်ဆောင်အကယ်ဒမီ နန္ဒာလှိုင်က အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေမလုပ်တော့ပေမယ့် ချစ်တဲ့ ပရိသတ်တွေကတော့ ခုအချိန်ထိအားပေးဆဲပါ။
ဒီတစ်ခါမှာတော့ သရုပ်ဆောင် အကယ်ဒမီနန္ဒာလှိုင် က ” ရန်ကုန်သို့ကားစီးလာသောလက်ပံပျားကြက်ကြော်များစာသင်ကျောင်းရှေ့မှာဝယ်တာပါနော် ဈေးလဲလျော့ပေးပါတယ်နော်ကြီးတာလဲရွေးပေးပါတယ်နော် ကဲ လက်ပံပြားကအဒေါ်ကြီးတွေကြော်ငြာပေးတယ်နော်” ဆိုပြီး ပြောထားပါတယ်။
နန္ဒာလှိုင် က လက်ပံပျားကြက်ကြော်တွေကို အားပေးတာကြောင့် ဈေးသည်တွေကလည်း အရမ်းကိုေ ပျော်ရွှင်ခဲ့တာပဲ ဖြစ်ပါတယ်။ပြည့်သူ့အချစ်တော် နန္ဒာလှိုင် ရဲ့ video file လေးကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။
လက်ပံပြားကြက်ကြော်တွေကို အားပေးခြင်းဖြင့် ဈေးသည်တွေကို ပျော်ရွှင်စေခဲ့တဲ့ နန္ဒာလှိုင် ရဲ့ Video
သရုပ်ဆောင် အကယ်ဒမီနန္ဒာလှိုင် က လက်ပံပြားကြက်ကြော်တွေကို အားပေးလို့ ဈေးသည်တွေ ပျော်နေကြတဲ့ ပုံရိပ်ကလေးတွေကိုပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Credit-မိုမိုလေး