သားတွေရဲ့ အမှန်တရားကို တရားရုံးမှာ အကုန်ချပြမည်ဟု ဒေါ်ဥမ္မာလှိုင်ပြော

Last modified date

သားတွေရဲ့အမှန်တရားကို တရားရုံးမှာအကုန်ကျပြမည်ဟု Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ကပြောသည်။” သားတွေရဲ့ အမှန်တရား အတွက် တရားရုံးမှာ အကုန်ချပြမှာပါ။ ဒီဟာက တရားကျရင် တရားရုံးရဲ့ လိုအပ်ချက်ကို သိနေတာပဲလေ” ဟု ဒေါ်ဥမ္မာလှိုင်ကပြောသည်။နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တရားရုံးတွင် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်အမှုပါဝါတင်ရာသို့လာရောက်စဉ် မီဒီယာများကို ဒေါ်ဥမ္မာလှိုင်ကပြောကြားခဲ့ခြင်းဖြစ်သည်။

Image may contain: 1 person, standing and outdoor

ဒေါ်ဥမ္မာလှိုင်က ၎င်းဦးသားနှစ်ဦးနှင့်ပတ်သက်၍ တရုံးစစ်ချက်များကို မီဒီယာအင်တာဗျူးတွင်ပြောကြားသည်ဟု ဆိုကာ ဗစ်တိုးရီယားအမှုမှ တရားခံဟုယူဆသူအောင်ကြီးက (ခ)ကိုအောင်ကျော်မျိုးရှေ့နေ ဒေါ်စုဒါလီအောင်ကို သြဂုတ်လအတွင်းကတိုင်ကြားခဲ့သည်။

Image may contain: 3 people, people standing and outdoor

ထို့နောက် အောက်တိုဘာလ ၂၅ရက်နေ့ ပုဗ္ဗသီရိမြို့နယ်တရားရုံးတွင် တရားစွဲတင်ခဲ့ခြင်းဖြစ်သည်။”ကျနော့်အမှုသည်ကသူ့မှာဥပဒေအရ အခွင့်အရေးရသင့်ရထိုက်တယ်ထင်လို့ သူ့အနေနဲ့တောင်းဆိုတယ်။ အဲ့တော့ကျနော်တို့ဥပဒေနဲ့အညီလိုက်တာ။ စွပ်စွဲခံရသူဘက်က ဥပဒေနဲ့အညီခုခံချေပပိုင်ခွင့်ရှိတယ်” ဟု ဒေါ်ဥမ္မာလှိုင်၏ ရှေ့နေဖြစ်သူတရားလွှတ်တော် ရှေ့နေဦးအောင်ရဲစိုးကပြောသည်။

Image may contain: 8 people, people smiling, people standing and outdoor

ရှေ့ဒေါ်စုဒါလီအောင်ကို နိုင်ငံသားများ၏ လွတ်လပ်မှုနှင့် လုံခြုံမှုဆိုင်ရာအကာကွယ်ပေးရေးပုဒ်မ ၁၀၃နှင့်၂၀၁၉ခုနှစ် ကလေးသူငယ်ဥပဒေတို့ဖြင့်အမှုဖွင့်ခဲ့သော်လည်း တရားရုံးကကလေးသူငယ်ဥပဒေဖြင့်သာ လက်ခံခဲ့သည်။သို့သော် နိုင်၊ လွတ်၊ လုံဖြင့်မငြိသဖြင့်အမှုတစ်ခုသဖြင့်သာ စွတ်စွဲခံရသူ့အပေါ် ဒေါ်စုဒါလီအောင်ဘက်ကလိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေဦသိန်းသန်းဦးက “မြန်မာနိုင်ငံတရားစီရင်မှုတစ်ခုလုံးအပေါ်မှာ သက်ရောက်စေတဲ့ imperfect ထရှိတဲ့အမှုဖြစ်တဲ့အတွက် ဒါကိုလေးလေးနက်နက်နဲ့ အရေးတကြီးကိုင်တွယ်မှာဖြစ်တယ်” ဟု ပြောသည်။

Image may contain: 3 people, people sitting

ဗစ်တိုးရီးယားအမှုသည် နေပြည်တော်၊ သပြေကုန်းရပ်ကွက်ရှိ Wisdom Hill မူကြိုကျောင်းတွင် ၂၀၁၉ခုနှစ်၊မေလ ၁၆ရက်၌ ကလေးငယ်ဗစ်တိုးရီးယားကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်ပေါ်ခဲ့ပြီး အမှုလာခြင်းဖြစ်သည်။နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏခရိုင်တရားရုံးတွင် စစ်ဆေးနေသည်မှာ Wisdom Hill မူကြိုကျောင်း၌ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသည့် ကလေးငယ်ဗစ်တိုးရီးယားအမှု ၇ကြိမ်မြောက်ရုံးချိန်းအထိရှိပြီဖြစ်သည်။

Image may contain: one or more people, people standing and outdoor

ဗစ်တိုးရီးယားဖခင်၊ ရှေ့နေဒေါ်ရွက်နုအောင်၊ ဆရာသက္ကမိုးညိုအပါအဝင် ၆ဦးကို Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူးဒေါ် ဥမ္မာလှိုင်က အောက်တိုဘာလ ၁ရက်နေ့ တွင်ထပ်မံအမှုဖွင့်ထားသည်။”ကျနော်တို့ကိုတရားစွဲတဲ့ဒေါ်ဥမ္မာလှိုင်နဲ့သူ့မိသားစုအကျိုးစီးပွားထိခိုက်တယ်လို့ ထင်လာတယ်။ ဟိုအမှုမှာပေါ်ပေါက်ရင် ပေါ်ပေါက်တဲ့အတိုင်းသူုတို့မှာအများကြီး ထိခိုက်လာတယ်။ ကြိုပြီးတော့ကန်ကျလိုက်တာ။ ဒါပေမယ့် ပေမယ့်ကန်ချက်ကတော့မထိဘူး” ဟု ဒေါ်ဥမ္မာလှိုင်က ထပ်မံအမှုဖွင့်ထားသည့် ၆ဦးထဲပါဝင်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောသည်။

Image may contain: 1 person, smiling, standing, car and outdoor

ထို့ကြောင့် ရှေ့နေဒေါ်စုဒါလီအောင်ကို တရားစွဲသည့်တရားလိုကို ပြန်လည်အမှုဖွင့်ရန်ပြင်ဆင်သွားမည်ဖြစ်ပြီး ဒေါ်စုဒါလီအောင်ကိုဖွင့်သည့်အမှုသည် ရှုပ်ထွေးသဖြင့် ရက်ပေါင်း ၂၇ဝစစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

Credit-The Speaker

Facebook Comments

Admin