ကိုကိုညီညီ၏ မိခင် ဒေါ်ဥမ္မာလှိုင်ကိုက နိုင်လွတ်လုံ ပုဒ်မဖြင့် ပြန်လည် ရှေ့နေ ဒေါ်စုဒါလီအောင်တရားစွဲမည်

Last modified date

ဗစ်တိုးရီးယားအမှုမှာ Wisdom Hill ကျောင်းကြီးကြပ်ရေးမှူး ဖြစ်သူ၊ ကိုကိုငယ်၊ ကိုကိုကြီး ၏ မိခင် ဒေါ်ဥမ္မာလှိုင်သည် သံသယ တရားခံ ကိုအောင်ကြီး၏ ရှေ့နေ ဒေါ်စုဒါလီအောင်အား ရဲစခန်းမှာ ကနဉီးအမှုဖွင့်ခဲ့အတွက် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ်ပေးရေးဉပဒေနဲ့ တရားပြန်လည်စွဲမယ်လို့ သိရပါတယ်။

Image may contain: 2 people, people standing, car and outdoor

“အမှုဖွင့်ခဲ့တဲ့ တရားလိုက ဒေါ်စုဒါလီအောင်ကို နိုင်လွတ်လုံနဲ့ ဖွင့်ခဲ့တဲ့အတွက် သူ့ကို နိုင်လွတ်လုံနဲ့ ပြန်ဖွင့်ဖို့ ကျနော်တို့ တင်ပါ့မယ်”လို့ ဒေါ်စုဒါလီအောင်ရဲ့ ရှေ့နေ ဦးသိန်းသန်းဦးက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ ဒေါ်စုဒါလီအောင် ၏ ယ‌နေ့ ပထမဆုံးအကြိမ် ရုံးချိန်းအပြီးမှာ ယခုလို ပြောဆိုသွားတာ ဖြစ်ပါတယ်။

Image may contain: 3 people, people sitting

Image may contain: 1 person, standing and outdoor

ဗစ်တိုးရီးယားအမှုမှာ ဒေါ်ဥမ္မာလှိုင်အနေနဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်အပြင် သံသယတရားခံအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်၊ တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်တို့အပြင် ဗစ်တိုးရီးယားရဲ့ ဖခင်၊ ဗစ်တိုးရီးယားရဲ့ ဦးလေး၊ ဗစ်တိုးရီးယားရဲ့ အဒေါ်နဲ့ ဗစ်တိုးရီးယားအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ သက္ကမိုးညို အကောင့်ပိုင်ရှင် ဒေါက်တာဝင်းကိုကိုသိန်းတို့ကိုပါ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဉပဒေနဲ့ စက်တင်ဘာ ၂၆ ရက်နေ့က ထပ်မံ အမှုဖွင့်ထားကြောင်းလည်း သိရသည်။

Image may contain: 8 people, people smiling, people standing and outdoor

Image may contain: one or more people, people standing and outdoor

Facebook Comments

Admin