ရင်းနှီးသူတွေလက်ထဲရောက်နေပြီဖြစ်တဲ့ မင်းသမီးချောလေး ချစ်စနိုးဦးရဲ့မင်္ဂလာဖိတ်စာ
မင်းသမီးချောလေး ချစ်စနိုးဦးကတော့ ချိုသာတဲ့အပြုံးလေးနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူတစ်ဦးပါ။ သရုပ်ဆောင်ပိုင်းမှာသာမကပဲ အဆိုပိုင်းမှာရော ထူးချွန်တဲ့ ချစ်စနိုးဦးကတော့ ချစ်စရာအသံလေးနဲ့လည်း ပရိသတ်တွေကို ဖမ်းစားထားသူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ချစ်စနိုးဦးက သူမချစ်ရသူနဲ့ လက်ထပ်ပွဲကြီးဆင်နွှဲဖို့ ရင်းနှီးသူတွေဆီ လိုက်ဖိတ်နေပြီပဲ ဖြစ်ပါတယ်။ ချစ်စနိုးဉီးရဲ့ ပရိသတ်တွေကတော့ သူမရဲ့ မင်္ဂလာသတင်းလေးအကြောင်းကြားပြီး အရမ်းကို ဝမ်းသာနေကြတာပါနော်။
ချစ်ပရိသတ်တွေအတွက် ရင်းနှီးသူတွေလက်ထဲရောက်နေပြီဖြစ်တဲ့ မင်းသမီးချောလေး ချစ်စနိုးဉီးရဲ့ရိုးရိုးရှင်းရှင်း မင်္ဂလာဖိတ်စာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
အဆိုတော် မင်းသမီးချောလေး ချစ်စနိုးဉီးကတော့ သူမရဲ့ ချစ်သူ အဆိုတော် တေးရေးဆရာ ကိုဖိုးသားနဲ့ လာမယ့် အောက်တိုဘာလ ၂၆ ရက်နေ့၊ Novotel Hotel မှာ ကျင်းပပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။
ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းတဲ့ ကိုဖိုးသားနဲ့ ချစ်စနိုးဉီးတို့ရဲ့ မင်္ဂလာဖိတ်စာလေး
ကိုဖိုးသားနဲ့ ချစ်စနိုးဉီးတို့နှစ်ဉီးကတော့ နားလည်မှုတွေ၊ အချစ်တွေနဲ့ လက်တွဲလာခဲ့တာ ချစ်သူသက်တမ်း ၆နှစ်ကျော်သွားပြီပဲ ဖြစ်ပါတယ်။
ချစ်ပရိသတ်တွေလည်း မကြာခင်မင်္ဂလာပွဲဆင်နွဲတော့မယ့်ချစ်စနိုးဦးတို့ စုံတွဲလေးကို ဂုဏ်ပြုစကားတွေ ဆိုခဲ့ကြပါဦးနော်။
Credit-မိုမိုလေး